ဘူးသီးတောင် ဒီဇင်ဘာ ၁၈
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန CommunityCentre ခန်းမ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဆွေးနွေးပွဲ (TalkShow)ကို ယမန်နေ့မွန်းလွဲ ၂နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးအောင်က Talk Show ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဘူးသီးတောင်မြို့နယ် ရဲတပ်ဖွဲ့မှ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးတာဝန်ခံဒုရဲအုပ် ဦးထွန်းမြတ်ခိုင်က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ၊ ယာဉ်တိုက်မှုကြောင်း ထိခိုက်၊ သေဆုံးမှုများ၊ မော်တော်ဆိုင်ကယ်မောင်းနှင်စီးနင်းရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဆောင်ရန်/ရှောင်ရန်တို့ကို ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ကြရန် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လှကျော်( ပြန်/ဆက်)