ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း သဘာဝရေပြင်အတွင်းသို့ ရေငန်ပုစွန်သားပေါက်မျိုး စိုက်ထည့်ခြင်း အခမ်းအနားသို့ တက်ရောက်၊ ဌာနဆိုင်ရာရုံးများသို့ သွားရောက်ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများနှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက စစ်တွေမြို့နယ်၊ ရေချမ်းပြင်ကျေးရွာအနီးရှိ ကြွီတဲချောင်း သဘာဝရေပြင်အတွင်းသို့ ရေငန်ပုစွန်သားပေါက်မျိုး စိုက်ထည့်ခြင်း အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်အဆင့် ဌာနဆိုင်ရာရုံးများသို့ သွားရောက်ကာ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။