ရခိုင်ပြည်နယ် မောင်တောမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

မောင်တော  ဖေဖော်ဝါရီ ၁၃

ရခိုင်ပြည်နယ်၊မောင်တောခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန် အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မောင်တောခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး (တာဝန်ပေး) ဦးမြင့်ခိုင်ကနှင့် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းအုပ် ဦးစစ်အောင်တို့က အဖွင့်အမှာစကားပြောကြားခဲ့ကြသည်။ ဆက် လက်၍ လူငယ်စကားဝိုင်းအား စတင်ပြုလုပ်ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် မောင်တောခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ လက်ထောက်ညွန်ကြားရေးမှူး (တာဝန်ပေး) ဦးမြင့်ခိုင်က ဦးဆောင်ဆွေးနွေးကာ Grade - ၁၁ မှ ကျောင်းသူ မမိုးသန္တာလင်းက  စာပေ၏ အကျိုးကျေးဇူး ၊ Grade - ၁၁ မှ ကျောင်းသူ မနွယ်နွယ်ကြည်က   လူငယ်နှင့် အကျင့်စာရိတ္တ ၊ Grade - ၉ မှ ကျောင်းသား မောင်ကျန်သိန်းက   လူငယ်နှင့် မူးယစ်ဆေးဝါး၊ Grade -၉ မှ ကျောင်းသား လူငယ်နှင့် ကျန်းမာရေး အစရှိသည့် ခေါင်းစဉ်ပါ အကြောင်းအရာများကို ဆွေးနွေးကြသည်။ ယင်းနောက် တက်ရောက်လာကြသည့်ကျောင်းသား ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာသက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ဦးဆောင်ဆွေးနွေးသူ ကျောင်းသား၊ကျောင်းသူများကပြန်လည်ဖြေကြားပြီး အပြန်အလှန် ဆွေးနွေးကြသည်။

အဆိုပါလူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ မောင်တောခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွန်ကြားရေးမှူး (တာဝန်ပေး) ဦးမြင့်ခိုင်ကနှင့် ဝန်ထမ်းများ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းအုပ် ဦးစစ်အောင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူလေးများ တက်ရောက်ခဲ့ကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးသတင်းစကား လက်ကမ်းစာစောင်ကို ဖြန့်ဝေပေးကြပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသော စာအုပ်၊ စာစောင်တို့ကို ကျောင်းသား၊ကျောင်းသူလေးများက လေ့လာကြည့်ရှုကြကြောင်းသိရသည်။

သက်လွင်စိုး ၊အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)