ဂွမြို့နယ်တွင် အသက် ၆လမှ ၅ နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေနှင့်သံချဆေးများ တိုက်ကျွေး
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ကျန်းမာသန်စွမ်းပြီး သန်ကောင်ရောဂါများ ကင်းဝေးစေရန်အတွက်ရည်ရွယ်၍ အသက်၆လမှ ၅ နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။