မင်းပြားမြို့၌  ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဉပဒေ အသိပညာပေးဟောပြောပွဲကျင်းပ

မင်းပြား ဖေဖော်ဝါရီ ၂၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့၌ကလေးသူငယ်များဆိုင်ရာ အသိပညာပေးဟောပြောပွဲးကို ယနေ့နံနက် ၁၀ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြောက်ဦးခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှဒုတိယညွန်ကြားရေးမှူး ဒေါ်စိန်သန်းကြည်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဉပဒေအသိပညာပေးဟောပြောရာတွင် ကလေးသူငယ် ဆိုသည်မှာအသက်(၁၆)နှစ်မပြည့်သေးသောသူကိုခေါ်ဆို၍ လူငယ်ဆိုသည်မှာအသက်(၁၆) နှစ်ပြည့် ပြီးအသက်(၁၈)နှစ်မပြည့်သေးသောသူကိုခေါ်ဆိုကြောင်း ပြည်သူများသိရှိနိုင်စေရန် ကလေးသူငယ်၏အလုပ်လုပ်ပိုင်ခွင့်များရရှိသည့် အသက်အရွယ်သတ်မှတ်ချက်၊  အန္တရာယ် ကျရောက် နေသောကလေးအလုပ်သမားများအတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ  စီစဉ်ဆောင်ရွက် ပေးနေမှုများနှင့် ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ကလေးသူငယ်များအား  ကာကွယ်စောင့်ရှောက်ခြင်း၊ ကလေးသူငယ်ဘက်စုံဖွံ့ဖြိုးရေးအတွက် လမ်းညွှန်ခြင်း၊ ကြီးကြပ်ခြင်း၊စစ်ဆေးခြင်း၊ ကူညီပံ့ပိုးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း အသိပညာပေးဟောပြောသည်။

ဆက်လက်ပြီးမြို့နယ် ဉပဒေအရာရှိ ဦးကျော်လွင်က  ကလေးသူငယ်များ၏ပြစ်မှု၊ပြစ်ဒဏ်များ အကြောင်းကို ရှင်းလင်းပြောကြားသည်။ဆက်လက်၍ မြို့နယ်တရားသူကြီး ဦးမြတ်မင်းဟန်က ကလေးသူငယ်များအားတရားစီရင်ရေးအပေါ် ဆောင်ရွက်နေမူများအားအသိပညာပေး ရှင်းလင်း ပြောကြားခဲ့ကြောင်းသိရသည်။

သိန်းနုအောင်