ပေါက်တော ဖေဖော်ဝါရီ ၂၁
မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်(နေပြည်တော်)၊ ရခိုင်ပြည်နယ်စီမံချက်လုပ်ငန်းများစီမံခန့်ခွဲမှုယူနစ်မှ ညွှန်ကြားရေးမှူး ဒေါ်အေးအေးငြိမ်းနှင့် အဖွဲ့ဝင်များသည် ယနေ့မွန်းလွဲ ၁ နာရီအချိန်က ပေါက်တောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့် အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေး ကြောင်းသိရသည်။
ရှေးဦးစွာ ပေါက်တောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်(နေပြည်တော်)၊ ရခိုင်ပြည်နယ်စီမံချက်လုပ်ငန်းများစီမံခန့်ခွဲမှုယူနစ်မှ ညွှန်ကြားရေးမှူး ဒေါ်အေးအေးငြိမ်းက မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ၂၀၁၅-ခုနှစ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥပဒေအရ လူသားချင်းစာနာထောက်ထားမှုနယ်ပယ်တွင် နိုင်ငံတော်၏အရံအင်းအားအနေဖြင့် သဘာဝဘေးနှင့်ပဋိပက္ခဘေးအန္တရာယ်အရေးပေါ်တုံ့ပြန်ရေး လှုမှုကရုဏာဆိုင်ရာ လုပ်ငန်းများတွင်လည်းကောင်း၊ ကျန်းမာရေးနှင့်ပတ်ဝန်ကျင်သန့်ရှင်းရေး၊ ရေနှင့်ပတ်ဝန်ကျင်သန့်ရှင်းရေးဘေးအန္တရာယ်လျော့ပါးရေး လုပ်ငန်းများတွင်လည်ကောင်း၊ သက်ဆိုင်ရာဌာနအသီးသီးနှင့်ပူးပေါင်းညှိနှိုင်းပြီး ရခိုင်ပြည်နယ်အတွင်း စီမံကိန်း စီမံချက်များချမှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်မှ လုံခြုံရေးဆိုင်ရာအန္တရာယ်ကျရောက်နိုင်ခြေဆန်းစစ်ခြင်း လုပ်ငန်းဆောင်ရွက်ရန် လာရောက်မည့်ခရီးစဉ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက အသီးသီးဆွေးနွေးကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းက ဆွေးနွေးချက်များပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။
ဝင်းမင်းစိုး