ရခိုင်ပြည်နယ်

သံတွဲမြို့၊ နန်းချောင်းကျေးရွာ သီတဂူမေတ္တာစက္ခုဒါနဆေးရုံ၌ မျက်စိဝေဒနာရှင်များအား အခမဲ့စမ်း သပ်ခွဲစိပ်ပေး

မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာမိုးကျော် ဦးဆောင်သော မျက်စိခွဲစိပ်ကုသရေး ဆရာဝန်အဖွဲ့မှ မျက်စိဝေဒနာရှင်များအား အခမဲ့ခွဲစိပ်ကုသပေးမည် ဖြစ်ကြောင်းသိရသည်။

မအီမြို့တွင် ဒေသထွက် ဓနိဖက်ထိုးလုပ်ငန်း လုပ်ကိုင်သူများ အပိုဝင်ငွေရရှိ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် မြို့ပေါ်ရပ်ကွက်များနှင့် ရေငံပိုင်းကျေးရွာများရှိ ဒေသခံများမှာ တစ်နိုင်တစ်ပိုင် ဒေသထွက် ဓနိဖက်ထိုးခြင်း လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မြန်မာနိုင်ငံခရစ်ယာန်အသင်းတော် (အင်္ဂလီကန်)၊ သာသနာပိုင်ချုပ်၊ စစ်တွေသာသနာပိုင်နှင့် ခရစ်ယာန်ဘုန်းတော်ကြီးများအားတွေ့ဆုံ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော် (အင်္ဂလီကန်)၊ သာသနာပိုင်ချုပ်၊ စစ်တွေသာသနာပိုင်နှင့် ဘုန်းတော်ကြီးများအား စစ်တွေမြို့၊ ရှင်မာကု ကသီဒြယ်ရားကျောင်း၌ တွေ့ဆုံသည်။ တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံခရစ်ယာန်အသင်းတော် (အင်္ဂလီကန်)၊ စစ်တွေသာသနာပိုင်နယ်၏ နယ်စီးသာသနာပိုင်ကြီး Dr. ဂျိမ်းစ်မင်းဒိန်က ဆုတောင်းကောင်းချီးပေးကာ အခမ်းအနားကိုဖွင့် လှစ်ကြသည်။

တောင်ကုတ်မြို့၌ စေတနာသွေးလှူရှင်အသင်းရုံးဖွင့်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် စေတနာသွေးလှူရှင်များအသင်းရုံး အဆောက်အဦသစ်ဖွင့်ပွဲအခမ်းကို ယနေ့ နံနက်(၈)နာရီအချိန်က အဆိုပါစေတနာသွေးလှူရှင်များအသင်းရုံး အဆောက်အဦသစ်ရှေ့၌ကျင်းပသည်။

မအီမြို့၌ ဘုရားဖူးခရီးသည်များ ယခင်နှစ်များထက် များပြားလာ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ရှိ ဗုဒ္ဓစက်တော်ရာ၊ ရတနာမာရ်အောင်တောရဓမ္မရိပ်သာနှင့် မြို့ပတ်ဝန်းကျင်ရှိ မာရ်ငါးပါးစေတီတော်များ၌ ဘုရားဖူးခရီးသည်များမှာ ယခင်နှစ်များထက် စည်ကားများပြားလာသည်ကို တွေ့ရှိရကြောင်း ဒေသခံများက သိရသည်။

ရခိုင်ပြည်နယ်  မောင်တောမြို့နယ်အတွင်း  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအားတာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေး

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ မောင်တောမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင်   ပြည်ထောင်စု ရန်ပုံငွေဖြင့်  ရန်အောင်ပြင်-ဝက်ကျိန်း(မြို)ကျေးရွာချင်းဆက်လမ်းအရှည် ၀ ဒဿမ ၄၁ ကီလိုမီတာအား ၅၀ -၁၀၀ မီလီမီတာ  ခွဲကျောက်ဖြင့်  ၄ ဒဿမ ၂၇ မီတာ  ၊ အကျယ် ၁၅၀ မီလီမိတာ ထုခင်း၍ ၃ ဒဿမ ၆၆ မီတာ ၊အကျယ် ၁၇၅ မီလီမိတာ ထု ကွန်ကရစ်ခင်းခြင်း ၊ ၂၂၅ မီလီမီတာ ထု အမာခံလမ်းပခုံးခင်း လုပ်ငန်းကို ဖိုးကံကောင်း ကုမ္ပဏီ မှ လည်း ကောင်း ၊ တောင်ပြို- ကြိမ်ချောင်းသွား ကားလမ်းမှ ဝက်ကျိန်းဘုရားသွားလမ်း အရှည်  ၀ ဒဿမ ၆၆၅ ကီလိုမိတာ အား

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများ၊ လမ်းတံတားများ ကောင်းမွန်ရေးနှင့် လျှပ်စစ်ဖြန့်ဖြူးပေးနေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများ၊ လမ်းတံ တားများ ကောင်းမွန်ရေးနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများအား ကွင်းဆင်း ကြည့် ရှုစစ်ဆေးခဲ့ကြသည်။

ပုဏ္ဏားကျွန်းမြို့နယ်၌ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် (၂၀၂၂-၂၀၂၃)ဘဏ္ဍာရေးနှစ်အတွင်း တတိယသုံးလပတ်အတွက် အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့၊ နေ့လယ် ၁ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ပေးအပ်ခဲ့သည်။

ပုဏ္ဏားကျွန်းမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/သူများအား လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့၊ ညနေ(၃)နာရီက ပညာတံခွန်ကိုယ်ပိုင်အထက်တန်း အဆင့်သင်ကျောင်းတွင် ကျင်းပခဲ့သည်။

တောင်ကုတ်မြို့၌ မြို့မဈေးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကြိုတင်ကာကွယ်ရေးတို့အတွက် တောင်ကုတ်မြို့မဈေးအတွင်း လက်တွေ့မီးငြိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်ခြင်းအား ယနေ့ ညနေ (၃) နာရီက ပြုလုပ်ခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်