ရခိုင်ပြည်နယ်

မြောက်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မြို့ဦးဂေါင်းကျောင်းတိုက်ယာယီနေရပ်စွန့်ခွာသူများစခန်းသို့ သွားရောက်၍ အသိပညာပေးဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က လက်ကောက်ဈေးရပ်ကွက် မြို့ဦးဂေါင်းကျောင်းတိုက် ယာယီနေရပ်စွန့်ခွာသူစခန်း၌ ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်တော်မြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူငယ်များအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယမန်နေ့  နေ့လည် ၁  နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ)၌ ကျောင်းတွင်းရေသဘင်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

 အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ)၌ ကျောင်းသားသမဂ္ဂနှင့် ကျောင်းသား၊ကျောင်းသူများ စုပေါင်းကျင်းပသည့် ကျောင်းတွင်းရေသဘင်ပွဲတော်အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက အဆိုပါ အစိုးရနည်းပညာကောလိပ်ကျောင်းရှေ့ကွင်းပြင်၌  စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ရာ အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ) ဒုတိယကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာများ၊ ကျောင်းသား၊ကျောင်း သူများက ပျော်ရွှင်စွာဖြင့် ရေကစားခဲ့ကြသည်။

ကျောက်ဖြူမြို့တွင် ဒေသအဆင့်ရာသီဥတုပြောင်းလဲမှုခံနိုင်ရည်ရှိရေး စွမ်းဆောင်ရည်တည်ဆောက်ခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်ဆိုင်ရာအကြုံပြုချက်အပေါ် လူငယ်အခန်းကဏ္ဍမြှင့်တင်ရေးအစီအစဉ်အရ ဒေသအဆင့်ရာသီဥတုပြောင်းလဲမှုခံနိုင်ရည်ရှိရေး စွမ်းဆောင်ရည်တည်ဆောက်ခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

မအီမြို့ လူထုအခြေပြုဗဟိုဌာန၌ လူငယ်နှင့် ဂိမ်းအန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ဆောင်ရွက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောင်းပါးရှင် ခေတ်သစ်ဇီဝက၏ လူငယ်နှင့်ဂိမ်းစွဲခြင်း၊ လူငယ်နှင့် ဂိမ်းအန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show)ကို ယနေ့ နေ့လယ်ပိုင်းက မအီမြို့၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

မြောက်ဦးမြို့နယ် သရက်တောကျေးရွာ င/ရကောက်ချောင်းကူး သံကူကွန်ကရစ်တံတား ၉၉.၉ ရာခိုင်နှုန်း တည်ဆောက်ပြီးစီး

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ် ဒေသဖွံ့ဖြိုးရေးအတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောက်လုပ်သော သရက်တောကျေးရွာ၊ င/ရကောက်ချောင်းကူးသံကူ ကွန်ကရစ်တံတားကို ၂၀၂၀ ခုနှစ် မှ စတင်၍ တည်ဆောက်လျက်ရှိပြီး ယခုအချိန်တွင် င/ ရ ကောက်ချောင်းကူးသံကူကွန် ကရစ်တံတား ၉၉.၉ ရာခိုင်နှုန်းတည် ဆောက်ပြီးစီးလျက်ရှိကြောင်း သိရသည်။

ဂွမြို့နယ်တွင် တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ လာရောက်၍  အခမဲ့ဆေးကုသပေးနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ပင်လယ်သွားဆေးရုံရေယာဥ်(သံလွင်) တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ လာရောက်၍  အခမဲ့ ဆေးကုသပေးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက ဂွမြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

ငပလီ​မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် Mobile Libraryဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေး

ရခိုင်ပြည်နယ် ၊ သံတွဲခရိုင်၊ ငပလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀:၀၀)နာရီအချိန်က ငပလီမြို့ရှိ​စျေးဆိုင်တန်းမှ စာဖတ်ပရိသတ်များအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အထူးကုဆရာဝန်ကြီးများ ပုဏ္ဏားကျွန်းမြို့သို့ လာရောက်၍ (အခမဲ့) ဆေးကုသပေးမည်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့သို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ထင်လတ်ဦး၏ လမ်းညွှန်မှုဖြင့် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အထူးကုဆရာဝန်ကြီးများ အဖွဲ့သည် ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၁ ရက်နေ့အထိ အခမဲ့ လာရောက်ဆေးကုသပေးမည်ဖြစ်သည်။

ရမ်းဗြဲမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူငယ်စကားဝိုင်းကျင်းပ

ရမ်းဗြဲမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ကြသည်။
Subscribe to ရခိုင်ပြည်နယ်