ရခိုင်ပြည်နယ်

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အထူးကုဆရာဝန်ကြီးများ သံတွဲမြို့၊ သဗြုချိုင်ဆိပ်ကမ်းတွင်(အခမဲ့)ဆေးကုပေးမည်

ရခိုင်ပြည်နယ်၊ သံတွဲမြို့သို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး ၏လမ်းညွှန်မှုဖြင့် နယ်လှည့်ဆေးကုရေးအဖွဲ့မှ အထူးကုဆရာဝန်ကြီးများအဖွဲ့သည် မတ်လ ၄ ရက်မှ မတ်လ ၆ ရက်နေ့အထိ သံတွဲမြို့၊ သဗြုချိုင်ဆိပ်ကမ်း၊ အအေးခန်းတွင် (အခမဲ့)လာရောက်ဆေးကုသပေးမည်ဖြစ်သည်။

မအီမြို့ကျေးလက်ကျန်းမာရေးဌာနမှ လမ်းတံတားဆိပ်ရှိ အလုပ်သမားများအားအခမဲ့ ကျန်းမာရေးစောင့်ရှောက်ပေး

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို၌ လမ်းတံတားဆိပ်များရှိအလုပ်သမားများနှင့် ၎င်းတို့၏မိသားစုများ၊ ဝန်ထမ်းမိသားစုများကို မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစောက်ရှောက်ပေးခြင်းများကို  ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့၌(၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဝတ္ထုတို၊ ကဗျာ၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲ များကျင်းပ

(၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်၊ ဝတ္ထုတို၊  ကဗျာ၊  ပန်းချီ၊  ကာတွန်းပြိုင်ပွဲကို  ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်  အမှတ်(၂) အခြေခံပညာမူလတန်းလွန်ကျောင်းခန်းမတွင် ယမန်နေ့၊ နံနက် ၉ နာရီက ကျင်းပခဲ့သည်။

စိုက်ပျိုးရေးသိပ္ပံ(ကျောက်တော်)၌ စတုတ္ထအကြိမ် စိုက်ပျိုးရေးဒီပလိုမာ အပ်နှင်းပွဲ အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့ စိုက်ပျိုးရေးသိပ္ပံ(ကျောက်တော်)၏ စတုတ္ထအကြိမ် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါ ကျောင်းရှိရတနာခန်းမဆောင်အတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၊  ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်း ကျန်းမာရေးဝန်ကြီးဌာအောက်ရှိ ရုံးဌာနများအား လှည့်လည်ကြည့်ရှု၊ စစ်တွေမြို့ ခုတင် ၅၀၀ ဆံ့ဆေးရုံ၌ ဆရာဝန်ကြီးများနှင့်တွေ့ဆုံ

ကျန်းမာရေးဝန်ကြီးဌာန၊  ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်းသည် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းက ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ရုံးဌာနများသို့ သွားရောက်လှည့်လည် ကြည့်ရှုပြီး စစ်တွေမြို့၊ ခုတင် ၅၀၀ ဆံ့အထွေထွေရောဂါကုဆေးရုံကြီး၌ ဆရာဝန်ကြီးများ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ပေါက်တောမြို့၌ မြို့နယ်စီမံအုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်-၂၅ နှစ်အောက် (U-25) အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ် ပေါက်တောမြို့၌ မြို့နယ်စီမံအုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်-၂၅ နှစ်အောက် (U-25) အမျိုးသားဘောလုံးပြိုင်ပွဲကို ယမန်နေ့ ညနေ ၃ နာရီက ပေါက်တောမြို့ရှိ ပေါက်တော ရွှေမြေအားကစားကွင်း၌ ကျင်းပကြောင်းသိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်ပို့ချမည်

ရခိုင်ပြည်နယ် မောင်တောမြို့၌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ခရိုင်/မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှကြီးမှူး၍ ၂၀၂၃ခုနှစ် နွေရာသီအားကစားသင်တန်းများကို ၂၀၂၃ ခုနှစ်၊ မတ်လ ၆ ရက်နေ့မှ စ၍ မြို့မအားကစားကွင်းအတွင်း ဖွင့်လှစ်ပို့ချပေးမည်ဖြစ်ကြောင်းသိရသည်။

တောင်ပြိုလက်ဝဲမြို့၌ Mobile library ဆောင်ရွက်ပေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများကဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုများအား အသိပညာဗဟု သုတတိုးပွားစေ‌ရေးအတွက် စာအုပ်စာစောင်များငှားရမ်းနိုင်ရန် Mobile library စနစ်ဖြင့် ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က တောင်ပြိုလက်ဝဲမြို့၊ ရပ်ကွက်(၂)သို့  စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးလျက်ရှိသည်။

ပေါက်တောမြို့၌ မြို့နယ်စီမံအုပ်အုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (U-25)အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၌ မြို့နယ်စီမံအုပ်အုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်-၂၅ နှစ်အောက် (U-25)အမျိုးသားဘောလုံးပြိုင်ပွဲကို ယမန်နေ့ညနေ ၃ နာရီက ပေါက်တောမြို့ရှိ ပေါက်တောရွှေမြေအားကစားကွင်း၌ ကျင်းပကြောင်း သိရသည်။

တောင်ပြိုလက်ဝဲမြို့တွင် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ(အခမဲ့) ငှားရမ်းပေး

ရခိုင်ပြည်နယ်၊ တောင်ပြိုလပ်ဝဲမြို့တွင်  စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဌာနဆိုင်ရာရုံး ဝန်ထမ်းများနှင့် စာငှား/စာဖတ်ပရိတ်သတ်များအား စာပေဖတ်ရှုမှု အဆင်ပြေစေရန် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များ (အခမဲ့)ငှားရမ်း ဝန်ဆောင်မှုပေးခြင်းကို ယနေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ရပ်ကွက်(၄)သို့ အရောက်သွားရောက်ငှားရမ်းပေးခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်