ရခိုင်ပြည်နယ်

ဘူးသီးတောင်မြို့နယ် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး စစ်ဆေး အကြံပြုခြင်းများဆောင်ရွက်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌မြို့နယ်မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေပိုင်းက မြတောင်ယာယီနေရပ်စွန့်ခွာသူများစခန်း၌ အသိပညာပေးခြင်းများကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့ ရေရရှိရေးလုပ်ငန်းအဖွဲ့နှင့်တွေ့ဆုံ၊ ရေရရှိရေးတိုင်းတာ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

စစ်တွေမြို့ပေါ်ရှိ ပြည်သူများ သုံးရေလုံလောက်စွာ ရရှိနိုင်ရေးအတွက် စစ်တွေမြို့ရေရရှိရေး လုပ်ငန်းအဖွဲ့ဝင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) (ရုံးချုပ်) မှ ညွှန်ကြားရေးမှူး ဦးသက်နိုင်နှင့်အဖွဲ့သည် မတ်လ ၂ ရက်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် အစိုးရအဖွဲ့ဝင်များအား ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံကြသည်။

မြောက်ဦးမြို့၌ ကိုးသောင်းပုထိုးတော်ကြီး ပထမဆုံးအကြိမ်မြောက် ဗုဒ္ဓပူဇနိယျပွဲတော်ကျင်းပမည်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ  ရခိုင်ရှေးဟောင်းယဉ်ကျေးမှု သမိုင်းဝင်အမွေအနှစ် ကိုးသောင်းပုထိုးတော်ကြီးကို ပထမဆုံးအကြိမ်မြောက် ဗုဒ္ဓပူဇနိယျပွဲတော်ကို မတ်လ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ၃ ညတိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။

ပေါက်တောမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် စာစစ်ဌာနငါးခုဖွင့်လှစ်ထား၍ ကျောင်းသား၊ ကျောင်းသူ ၁၁၅၃ ဦး ဝင်ရောက်ဖြေဆိုရန်စာရင်းပေးသွင်း

၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့တွင် စတင်ပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ ၁၁၅၃ ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားပြီး မြို့နယ်ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာ စာစစ်ဌာနများတွင် ဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီလ ၁၈ ရက်က စတင်ထုတ်ပေး လျက်ရှိကြောင်း သိရသည်။

(၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများကို ကျင်းပသွားမည်

၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်း အမှတ်အကြို အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသား/သူများအတွက်  ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာ ပန်းချီပြိုင်ပွဲကို (၄-၃-၂၀၂၃)ရက်နေ့ နံနက်(၁၁)နာရီအချိန်တွင် သံတွဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု နှင့်တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က တောင်ကုတ်မြို့၊ အမှတ်(၁)၊ အခြေခံပညာ အထက်တန်းကျောင်း၊ ပညာရတာနာ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မာန်အောင်မြို့နယ်၌ တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် တောင်သူများအား သီးနှံမျိုးစေ့ ထောက်ပံ့ပေးအပ်

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဦးစီး၍ ၂၀၂၃-ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် ပိုက်ဆံလျှော် မျိုးစေ့ထုတ်စိုက်ပျိုးသည့် တောင်သူများအား သီးနှံမျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်၈နာရီခွဲက ခအုန်းမော်ကျေးရွာအုပ်စု၌ ကျင်းပခဲ့သည်။

ပေါက်တောမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ Grade-9 ၏ နှစ်ဆုံးစာမေးပွဲ နောက်ဆုံးနေ့ ဖြေဆိုပြီးစီး

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ Grade-5 နှင့် Grade-9 အတန်းများ၏ နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီ ၂၂ ရက်မှစတင်၍ သက်ဆိုင်ရာစာစစ် ဌာနများအလိုက် ဖြေဆိုလျက်ရှိရာ ယနေ့တွင် Grade-9 အတန်း၏ နောက်ဆုံးနေ့အဖြစ် အခြေခံသိပ္ပံဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများက ဖြေဆိုပြီးစီး ကြောင်း သိရသည်။

ပေါက်တောမြို့နယ် တောင်းဖူးကျေးရွာ၌ ဆောင်းနေကြာ စံကွက်ရိတ်သိမ်းပွဲကျင်းပ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်၌ ဒေသဝမ်းစာဆီဖူလုံနိုင်ရေး နေကြာစိုက်ခင်းများ တို့ချဲ့ဆောင်ရွက် လျက်ရှိရာ တောင်းဖူးကျေရွာအုပ်စုရှိ ကွင်းအမှတ် ၁၀၇၀ တောင်သူ ဦးဂေါင်းလုံး၌ စိုက်ပျိုးထားသောဆောင်းနေကြာ (ဆင်းရွှေကြာ-၂)လေးဧက စံပြကွက်၌ ယနေ့ နံနက်ပိုင်းက ဆောင်းနေကြာ စံကွက်ရိတ်သိမ်းပွဲကျင်းပခဲ့ကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန(၄)ခုဖြင့် ကျင်းပမည်ဖြစ်ပြီး ကျောင်းသား/ကျောင်းသူ (၁၃၇၈)ဦး ဝင်ရောက်ဖြေဆိုမည်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်(၄)ခုဖြင့် ကျင်းပမည်ဖြစ်ပြီး မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၁၃၇၈)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
Subscribe to ရခိုင်ပြည်နယ်