ရခိုင်ပြည်နယ်

အမ်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းညှှိနှိုင်းအစည်းအဝေးကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အတွင်းမှ စီးပွားရေးလုပ်ငန်းရှင်များတက်ရောက်၍ ယနေ့နေ့လယ်(၁၁)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ် မောင်တောမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲပြုလုပ်မည့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ဘူးသီးတောင်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်ရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်း ဦးဆောင်၍ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်းကာ ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က စာစစ်ဌာန(၄)ခုတို့၌ မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ကျိန္တလီမြို့ အ-ထ-က ကျောင်း စာစစ်ဌာန၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ အ.ထ.က ကျောင်းစာစစ်ဌာန၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ကျိန္တလီနယ်မြေ မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက ယမန်နေ့နံနက် ၁၀ နာရီ အချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပုဏ္ဏားကျွန်းမြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုအား ကြည့်ရှုအားပေး

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပုဏ္ဏားကျွန်းမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည် သူများအား လောကမာရဇိန်ဘုရားကြီးသာသနာ့ဗိမာန်တော်၌ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအား ကြည့်ရှု အားပေးကြသည်။

အမ်းမြို့နယ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့်စာစစ်ဌာနများအား မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများဖြစ်သည့် အ.ထ.က(၁)၊ အ.ထ.က(၂)၊  အ.ထ.က (၃)နှင့်အ.ထ. က တပ်တောင် ကျောင်းများ၌ မီးဘေးအန္တရာယ်လုံခြုံမှုရှိစေရန် ယမန်နေ့ နေ့လည်အချိန်တွင် မီးဘေး ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား စစ်ဆေးခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း အမ်းမြို့၌ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့နှင့်အတူ မတ်လ ၁ ရက် နေ့လယ်ပိုင်းက  အမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပြီး အမ်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ပေါက်တောမြို့နယ်၌ သဘာဝမပျက် သီးနှံစိုက်ပျိုးထုတ်လုပ်နည်းသင်တန်းဖွင့်လှစ်

ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့နယ်၌ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန် ၊ ရေရှည်တည့်တံ့သောစိုက်ပျိုးရေးလုပ်ငန်းကို အထောက်အကူဖြစ်စေရန် သဘာဝမပျက် သီးနှံစိုက်ပျိုးထုတ်လုပ်နည်းသင်တန်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိ မြို့မတောင်သူပညာပေးစခန်း၌ ဖွင့်လှစ်ကြောင်းသိရသည်။

တောင်ပြိုလက်ဝဲမြို့ အထကကျောင်းစာစစ်ဌာန၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ်၊မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ အထကကျောင်းစာစစ်ဌာန၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို တောင်ပြိုပြန်လည်လက်ခံရေးမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၉ နာရီ အချိန်က မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ဘူးသီးတောင်မြို့၌ နွေရာသီကျောင်းပိတ်ရက် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က စတင်၍ ဘူးသီးတောင်မြို့ ပေါက်ပင်ရင်း ဘုန်းတော်ကြီး ကျောင်း၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Subscribe to ရခိုင်ပြည်နယ်