ကျောက်ဖြူမြို့နယ်၌ ထူးချွန်ထက်မြက်ပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ဖြစ်လာစေရန် နွေရာသီ ကရာတေးဒိုသင်တန်း ဖွင့်လှစ်ပြသ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံလူငယ်များအား နွေရာသီ ကျောင်းပိတ်ရက်ရှည်ကာလများတွင် အချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ ထူးချွန်ထက်မြက်ပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ နွေရာသီ ကရာတေးဒို အားကစားသင်တန်းကို ယမန်နေ့ ညနေပိုင်းမှ စတင်ကာ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့မအားကစားကွင်းရှိ မိုးလုံလေလုံခန်းမ၌ ဖွင့်လှစ်ပြသလျက်ရှိသည်။