ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် စစ်တွေမြို့ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှု

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စစ်တွေမြို့ သန့်ရှင်းသာယာလှပရေးအတွက်  ယမန်နေ့ နံနက်ပိုင်းက စစ်တွေမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအားလှည့်လည်ကြည့်ရှုအားပေးကြသည်။

ဂွမြို့နယ်တွင် ဆွမ်းဆန်စိမ်းလောင်းလှူနိုင်ရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် တပေါင်းလပြည့်နေ့၌ သိမ်ကုန်းစေတီတော် မြတ်ကြီးတွင် ဆွမ်းဆန်စိမ်း လောင်းလှူနိုင်ရေးနှင့် မတ်လ(၈)ရက်နေ့တွင် စတင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးတို့နှင့် ပတ်သက်၍  ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက ဂွမြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ နေရပ်ပြန်မည့် ယာယီနေရပ်စွန့်ခွာသူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်

ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင် ၊ မြောက်ဦးမြို့ရှိ ယာယီနေရပ်စွန့်ခွာစခန်းအသီးသီးတွင် ခေတ္တခိုလှုံ နေထိုင်လျှက်ရှိသော ကျေးရွာအုပ်စု (၈)အုပ်စု မှ မိမိသဘောဆန္ဒအရ နေရပ်ပြန်ကြမည့် ယာယီနေရပ်စွန့်ခွာစခန်းမှ ဒေသခံပြည်သူများအား ထောက်ပံ့ငွေနှင့် လူသုံးကုန်ပစ္စည်းမျိုးစုံ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ထမ္မရာဇ်ရပ်ကွက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်ကုတ်မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရှိ စာစစ်ဌာန(၂)ခုတွင် မီးဘေးလုံခြုံရေးစစ်ဆေး

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် မြို့ပေါ်ရှိစာစစ်ဌာန(၂)ခုတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှုအခြေအနေအား ယနေ့နံနက်(၉)နာရီအချိန်မှစတင်၍ စစ်ဆေးခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ ၊ ကာတွန်း ၊ ပိုစတာပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်တွင် သံတွဲခရိုင်ရဲတပ်ဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၂၆) ကြိမ်မြောက် ပန်းချီ၊  ကာတွန်း၊ ပိုစတာပြိုင်ပွဲကို ယနေ့နံနက် (၁၁)နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပုဏ္ဏားကျွန်းမြို့နယ်ဌာနဆိုင်ရာများနှင့် တွေ့ဆုံဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက် နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဆီထွက်သီးနှံ ဆင်းရွှေကြာ(၂)မျိုးစံကွက် အောင်မြင်ဖြစ်ထွန်းနေမှုအား သရုပ်ပြသ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆီထွက်သီးနှံဆင်းရွှေကြာ (၂)စံကွက် အောင်မြင်ဖြစ်ထွန်းနေမှုအား သရုပ်ပြသခြင်းကို ယနေ့နံနက် ၉ နာရီအချိန် မြို့ဦးရပ်ကွက်၊ဇူလကျေးရွာတွင် ကျင်းပခဲ့သည်။

ပေါက်တောမြို့နယ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့်စာစစ်ဌာနများအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်၏၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် စာသင်ကျောင်းများသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့ နေ့လယ်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကနေရပ်ပြန်မည့် ပုဏ္ဏားကျွန်း မြို့နယ် စက်မှုဇုန်ယာယီခိုလှုံရာစခန်းမှ ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စက်မှုဇုန်ယာယီခိုလှုံရာစခန်းတွင် နေထိုင်ကြသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျေးရွာ(၄)မှ ပြည်သူများနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကျေးရွာတစ်ရွာတို့မှ နေရပ်ပြန်ကြမည့် ဒေသခံပြည်သူများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ငွေနှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့၊ စက်မှုသင်တန်းကျောင်း၌ပြုလုပ်ရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ယာယီခိုလှုံရာစခန်းတွင် နေထိုင်ကြသည့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ စာစစ်ဌာနပြုလုပ်မည့် စာသင်ကျောင်းများအား  မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ် မောင်တောမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲပြုလုပ်မည့် စာသင်ကျောင်းများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် စာသင်ကျောင်းများအား မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို မြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၉ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Subscribe to ရခိုင်ပြည်နယ်