ရခိုင်ပြည်နယ်

မအီမြို့၌  လမ်းတံတားဆိပ်များရှိ အလုပ်သမားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးခြင်း ဆောင်ရွက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို၌ လမ်းတံတားဆိပ်များရှိ အလုပ်သမားများနှင့် ၎င်းတို့၏မိသားစုများ၊ ဝန်ထမ်းမိသားစုတို့အား အခမဲ့ကျန်းမာရေးစောက်ရှောက်ပေးခြင်းများကို မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဂွမြို့ သိမ်ကုန်းစေတီတော်မြတ်ကြီးတွင် မဟာသံဃိတဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့၊ သိမ်ကုန်းစေတီတော်မြတ်ကြီးတွင် (တပေါင်းလပြည့်နေ့) ညနေပိုင်းက မဟာသံဃိတဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပခဲ့သည်။

ဘူးသီးတောင်မြို့ အမှတ်( ၂)ရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ အမှတ်(၂)ရပ်ကွက်၌ ယမန်နေ့ ညနေ ၅ နာရီခွဲက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော၂၀၂၃ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့ တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့လယ် ၁ နာရီက စစ်တွေမြို့၊ လောကာနန္ဒာ စေတီတော်ပုရဝုဏ် အတွင်းရှိ သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။

ဘူးသီးတောင်မြို့နယ် ဗျာဒိတ်တော်ရ လက်ဝဲ၊ လက်ဖန်အောင်မင်္ဂလာစေတီတော်မြတ်၌ ဆွမ်းဆန်တော် လောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၌ တပေါင်းလပြည့်နေ့ ဆွမ်းဆန်တော် လောင်းလှူပွဲကို ယမန်နေ့ညနေ ၄ နာရီက ဂန္ဓမာကျေးရွာရှိ အောင်မင်္ဂလာစေတီတော်ကြီးကျောင်းဝင်းရှိ လက်ဝဲ၊ လက်ဖန်တော် ဓာတ်စေတီတော်မြတ်ဝင်း အတွင်း၌ ကျင်းပသည်။

တောင်ကုတ်မြို့၌ တပေါင်းလပြည့်နေ့ ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပ

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့တွင် တပေါင်းလပြည့်နေ့ နေ့ထူးနေ့မြတ်၌ မဟာသဒ္ဓမ္မပန်းကုံးကျောင်းတိုက်မှ ဆရာတော်ကြီးနှင့် သံဃာတော်များမှ ယနေ့နံနက်(၇)နာရီ အချိန်မှ၍ ဆွမ်းဆန်တော်များအလှူခံကြွရောက်လျက်ရှိကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြို ပန်းချီ ၊ ကာတွန်း ၊ ပိုစတာ ပြိုင်ပွဲ ကျင်းပ

ရခိုင်ပြည်နယ် တောင်ကုတ်ခရိုင် မာန်အောင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီ ၊ ကာတွန်း ၊ ပိုစတာပြိုင်ပွဲကို ယနေ့ နံနက် ၉နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)  ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

တပ်မတော်နယ်လှည့်ဆေးကုသရေး အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)သည်  ယမန်နေ့နံနက် ၈:၃၀နာရီက ရခိုင်ပြည်နယ် သံတွဲမြို့နယ် ကျောက်က္ကလပ်ကျေးရွာအုပ်စု သဗြုချိုင်ဆိပ်ကမ်းသို့ရောက်ရှိရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ဆရာဝန်ကြီး ဒေါက်တာရဲဝင်းထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များနှင့် ‌ဒေသခံပြည်သူများက သောင်းသာင်းဖြဖြကြိုဆိုခဲ့ကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ လူငယ်နှင့်အားကစားဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ လူငယ်နှင့်အားကစားဆိုင်ရာ အသိပညာပေး Talk Show ကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်