ရခိုင်ပြည်နယ်

သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ အခြေခံ English Speaking သင်တန်းဖွင့်လှစ်

သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ နွေရာသီ ကျောင်းပိတ်ရက်အတွင်း လူငယ်များ အသိပညာဗဟုတတိုးပွားပြီး ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထက်တန်း၊ အလယ်တန်းအဆင့် အခြေခံ English Speaking သင်တန်းကို ယနေ့နံနက် ၁၁ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ရှိ ဘက်စုံသုံးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

တောင်ပြိုလက်ဝဲမြို့၌ စာမေးပွဲကာလ အပြင်စည်းကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း ထပ်ဆင့်အစည်းအဝေးပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၌ စာမေးပွဲကာလ အပြင်စည်း ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခမ်းမတွင် ကျင်းပပြုလုပ်သည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲပြုလုပ်မည့် စာစစ်ဌာနများအား  မီးဘေးအန္တရာယ်လုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးလှဝင်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များတို့က စာစစ်ဌာန (၃) တို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

မြောက်ဦးမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာန (၃) ခုတွင် ကျောင်းသား/ကျောင်းသူ (၉၆၉) ဦး ဝင်ရောက်ဖြေဆိုမည်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဝင် ရောက်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၉၆၉) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

သံတွဲမြို့နယ် ငပလီကမ်းခြေ၌ သဲပုံစေတီပွဲတော်ကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် မြန်မာယဉ်ကျေးမှုဓလေ့တစ်ခုဖြစ်သည့် တပေါင်းလ သဲပုံစေတီပွဲတော်ကို ယမန်နေ့ညနေ (၃) နာရီက ငပလီကမ်းခြေ Public Area တွင် ကျင်းပပြုလုပ်ခဲ့သည်။

မြောက်ဦးမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အုပ်ချုပ်ရေးဖလား ရပ်ကွက်/ကျေးရွာအုပ်စု ချစ်ကြည်ရေးဗိုလ်လုပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်းအမျိုးသားဗိုလ်လုပြိုင်ပွဲကို ယမန်နေ့က ဗန္ဓုလရပ်ကွက်၊ ဘောလုံးကွင်း၌ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ကျင်းပခဲ့ကြသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ တပေါင်းပွဲတော်နှင့် လောကာနန္ဒာစေတီတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာပွဲကျင်းပ

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ တပေါင်းပွဲတော်နှင့် လောကာနန္ဒာစေတီတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာပွဲကို ယမန်နေ့နံနက်ပိုင်းက လောကာနန္ဒာစေတီတော် လိုဏ်ဂူတော်အတွင်း၌ ကျင်းပရာ ပြည်နယ်ဩဝါဒါစရိယဆရာတော်ကြီးများ၊ ဆရာတော်သံဃာတော်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦး၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

တောင်ပြိုလက်ဝဲမြို့ စာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းသား/ကျောင်းသူ (၁၆၁) ဦး ဝင်ရောက်ဖြေဆိုမည်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ စာစစ်ဌာန၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအား အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၁၆၁) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

ကျောက်တော်မြို့၌ ဆောင်းသီးနှံ မတ်ပဲကွင်း သရုပ်ပြပွဲကျင်းပပြုလုပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီအတွင်း ပဲမျိုးစုံသီးနှံ (၁၁၃၇၇)ဧက စိုက်ပျိုးခဲ့ပြီး မတ်ပဲသီးနှံ(၉၈၂)ဧက စိုက်ပျိုးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရှိရသည်။

တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)  ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေး

တပ်မတော်နယ်လှည့်ဆေးကုသရေး အထူးကုဆရာဝန်ကြီးများပါဝင်သည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်) သည် ယမန်နေ့နံနက် (၈) နာရီခွဲက ရခိုင်ပြည်နယ် သံတွဲမြို့နယ် ကျောက်က္ကလပ်ကျေးရွာအုပ်စု သဗြုချိုင်ဆိပ်ကမ်း ဧဒင်အအေးခန်းစက်ရုံတွင် အခြေပြုဒုတိယနေ့ အဖြစ် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆက်လက်ကုသပေးလျက်ရှိကြောင်း သိရသည်။
Subscribe to ရခိုင်ပြည်နယ်