ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယဥက္ကဋ္ဌနှင့် ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်တို့အား လက်ခံတွေ့ဆုံ
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံကြက်ခြေနီ အသင်းဒုတိယဥက္ကဋ္ဌ ဒေါက်တာ အမယာမော်နိုင် ဦးဆောင်သောအဖွဲ့နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန် မစ္စတာ ဂျာခီရ်အာမတ်တို့အား သီးခြားစီ တွေ့ဆုံခဲ့သည်။