ရခိုင်ပြည်နယ်

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးတစ်ပြိုင်တည်းကျင်းပလျက်ရှိရာ အမ်းမြို့နယ်ရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲ စတင်ဖြေဆို

၂၀၂၂-၂၀၂၃ ပညာ သင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးတစ်ပြိုင် တည်းကျင်းပလျက်ရှိရာ ယနေ့ နံနက် ၉ နာရီအချိန်တွင်အမ်းမြို့နယ်ရှိ စာစစ်ဌာနများ၌  ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာစာမေးပွဲစတင်ဖြေဆိုလျက်ရှိကြောင်းသိရသည်။

ကျောက်ဖြူမြို့တွင် ၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးအား ကြိုဆိုပင့်ဆောင်ဂုဏ်ပြုပူဇော်

၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ နဂါးကျောင်း ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက နိုင်ငံတော်ဩဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တစက္ကိန္ဒာဘိဝံသ ဆရာတော်ကြီးအား ယမန်နေ့ မွန်းလွဲပိုင်းက တပည့်ဒါယကာ၊ ဒါယကာမများက စည်ကားသိုက်မြိုက်စွာ ဂုဏ်ပြုကြိုဆိုပင့်ဆောင်ခဲ့ကြသည်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား/သူများ ဝင်ရောက်ဖြေဆို

မြန်မာနိုင်ငံတစ်ဝန်း၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့နံနက် ၉ နာရီက စတင်ကာ တစ်ပြိုင်နက်တည်း ကျင်းပလျက်ရှိရာ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင် စာစစ်ဌာန(၄)ခု ဖွင့်လှစ်ပြီး၊ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက် ရှိကြောင်း သိရသည်။

မာန်အောင်မြို့ ချမ်းမြေ့သစ္စာဓမ္မဘိုးဘွားရိပ်သာ(ဓမ္မဗိမ္မာန်)၌ မိုးကုတ်ဝိပဿနာသင်တန်းနှင့် အဘိဓမ္မာအခြေခံတရား(၇)ရက်သင်တန်း ဖွင့်ပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့ ချမ်းမြေ့သစ္စာဓမ္မဘိုးဘွားရိပ်သာ (ဓမ္မဗိမ္မာန်)၌ မိုးကုတ်ဝိပဿနာသင်တန်းနှင့် အဘိဓမ္မာအခြေခံတရားတော် (၇)ရက်သင်တန်းကို ယမန်နေ့နေ့လယ် ၁၂ နာရီက အဆိုပါဘိုးဘွားရိပ်သာ (ဓမ္မဗိမ္မာန်)၌ ကျင်းပခဲ့သည်။

သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျောင်းသား၊ ကျောင်းသူလေးများ၏ ကာယဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူလေးများ၏ ကာယဉာဏစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်သည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့၌ မြို့မပရိယတ္တိစာသင်တိုက်၊ မြို့သစ်(ဘ.က) ကျောင်းတိုက်ပ ဓာနသဒ္ဓမ္မဇောတိကဓဇဘွဲ့တော်ဆက်ကပ်ခံရသော ဆရာတော် ဘဒ္ဒန္တသူရိယ မထေရ်မြတ်အား ဂုဏ်ပြုကြိုဆို

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ ၌ နိုင်ငံတော်အစိုးရမှ သာသနာတော်ဆိုင် ရာဘွဲ့ တံဆိပ် ချီးမြှင့် ခံရသောမြို့မပရိယတ္တိစာသင်တိုက်၊ မြို့သစ်(ဘ.က) ကျောင်းတိုက်ဆရာတော် ကြီးသည် မတ်လ ၆ ရက်နေ့ ညနေပိုင်းအချိန်က မြောက်ဦး မြို့သူ/သားများနှင့် ဒကာ၊ ဒကာမများတို့မှ မြို့တစ်ပတ် လှည့်လည် ဂုဏ်ပြု ပူဇော်ခဲ့ကြောင်း သိရသည်။

အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အနာဂတ်ရိက္ခာ စာဖတ်ပါ ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity Centre) ခန်းမတွင် စာပေမြတ်နိုးသူ Book Club အသင်းဝင် လူငယ်များနှင့် အနာဂတ်ရိက္ခာ စာဖတ်ပါ ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နေ့လယ် (၁၂) နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မာန်အောင်မြို့နယ်၌ နွေရာသီအခြေခံအင်္ဂလိပ်စကားပြောသင်တန်း ဖွင့်လှစ်

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ Plus Change Maker (ကျွန်းရွာ) တာဝန်ခံဆရာ ဦးအောင်မြင့်သူမှ ဦးဆောင်ပြီး နွေရာသီအခြေခံအင်္ဂလိပ်စကားပြောသင်တန်းကို ယနေ့နေ့လယ် ၁၂ နာရီက စတင်ဖွင့်လှစ်ပို့ချလျက်ရှိသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေး သရုပ်ပြသခြင်း အခမ်းအနားတက်ရောက်၊ မီးသတ်ယာဉ်များနှင့် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများကြည့်ရှု စစ်ဆေး၊ MSME လုပ်ငန်းများအား ကြည့်ရှု

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပြည်နယ်မီးသတ်ဦးစီးဌာနရုံး၌ ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြိမ်းသတ်ရေး သရုပ်ပြသခြင်း အခမ်းအနားသို့ တက်ရောက်ကြပြီး မီးသတ်ယာဉ်များနှင့် ရှာဖွေကယ် ဆယ်ရေးပစ္စည်းများအား လှည့်လည်ကြည့်ရှု စစ်ဆေးကြကာ ရခိုင်ဒေသထွက် စားသောက်ကုန်လုပ်ငန်းများ ထုတ်လုပ်နေသော အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအား သွားရောက်ကြည့်ရှု အားပေးကြသည်။
Subscribe to ရခိုင်ပြည်နယ်