တပ်မတော်နယ်လှည့်ဆေးကုသရေး ပင်လယ်သွားဆေးရုံ ရေယာဥ်(သံလွင်)မှ ဆေးကုသရေးအဖွဲ့သည် မာန်အောင်ဒေသခံပြည်သူ (၁၆၈၇) ဦးအား ဆက်လက်ဆေးကုသပေး

မာန်အောင် မတ် ၁၁

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ရောက်ရှိနေသော တပ်မတော်နယ်လှည့်ဆေးကုသရေး ပင်လယ်သွားဆေးရုံ ရေယာဥ်(သံလွင်)မှ အထူးကုပါရဂူဆရာဝန်ကြီးနှင့် အဖွဲ့သည် ယမန်နေ့နံနက် ၈ နာရီမှ ညနေ ၄ နာရီခွဲ အချိန်ထိ မာန်အောင်မြို့နယ်ခန်းမတွင် အခြေပြု၍ ဒေသခံပြည်သူ (၁၆၈၇) ဦးအား ဆေးကုသပေးခဲ့သည်။

အဆိုပါ အဖွဲ့သည် ဒေသခံပြည်သူများအား ဆေးကုသမှုဆိုင်ရာ (၄၉၄) ဦး၊ ခွဲစိတ်ရောဂါ (၁၀၈) ဦး၊ ကလေးရောဂါ (၆၈) ဦး၊ သားဖွားမီးယပ်ရောဂါ (၇၅) ဦး၊ အရိုးရောဂါ (၃၀၂) ဦး၊ နား/နှာခေါင်း/လည်ချောင်း ရောဂါ (၁၂၅) ဦး၊ မျက်စိရောဂါ (၃၈၇) ဦး၊ သွားရောဂါ (၁၂၈) ဦး၊ စုစုပေါင်း (၁၆၈၇) ဦး တို့အား ဆက်လက်ဆေးကုသပေးခဲ့ ကြောင်းသိရသည်။

သိန်းဖေ(ပြန်/ဆက်)