ရခိုင်ပြည်နယ်

အမ်းမြို့၌ အခြေခံစားသောက်ကုန်နှင့် ဟင်းသီး/ဟင်းရွက်များ သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမ်းတပ်နယ်မှ မြို့နယ်အတွင်းရှိ ဒေသခံ တိုင်းရင်းသား ပြည်သူများ စားသောက်ရေး အထောက်အကူဖြစ်စေရန်အတွက် အခြေခံစားသောက် ကုန်ပစ္စည်းနှင့်ဟင်းသီး/ဟင်းရွက်များအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က အမှတ်(၃)စျေးရပ်ကွက်၌ ပြုလုပ်ခဲ့သည်။

အမ်းမြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး Mask Campaign ဆောင်ရွက်

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်မျိုးစိတ်သစ် BA-5 ကူးစက်ရောဂါဖြစ်ပွားမှု မရှိစေရန် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်၊ ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက ယမန်နေ့နံနက် ၇ နာရီ အချိန်က အမှတ်(၃) စျေးရပ်ကွက် လမ်းဆုံ၊ လမ်းမများတွင် ပြုလုပ်ခဲ့သည်။

ကျောက်ဖြူခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျောင်းသား၊ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက်ရှည်များတွင် အချိန်ကိုအလဟသမကုန်ဆုံးစေဘဲ အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အများရှေ့တွင်ပြောရဲဆိုရဲပြီး စကားပြောစွမ်းရည် ကောင်းလာစေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲပိုင်းက ပုံပြင်ပြောပြိုင်ပွဲကို ကျင်းပပြုလုပ်သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် တွေ့ဆုံ၊ ကန်တော်ကြီး သန့်ရှင်းသပ်ရပ်မှုနှင့်ကြံ့ခိုင်မှုကို ပြန်လည်မြှင့် တင်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှု

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်သယံဇာတရေးရာ ဝန်ကြီးနှင့်အတူ မတ်လ ၁၆ ရက်နေ့ညနေပိုင်းက ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ ပြည်နယ်၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့်တွေ့ဆုံပြီး စစ်တွေမြို့၊ ကန်တော်ကြီး သန့်ရှင်းသပ်ရပ်မှု နှင့်ကြံ့ခိုင်မှုကို ပြန်လည်မြှင့် တင်ဆောင်ရွက်နိုင်ရေးကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

တောင်ကုတ်မြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များဖြန့်ဝေ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အမှတ်(၄)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နေ့လယ် ၁၂ နာရီအချိန်က ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တောင်ကုတ်မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီမှ ယနေ့နံနက်တွင် တောင်ကုတ်-သံတွဲ ကားလမ်း တစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူများနှင့် တွေ့ဆုံကာ စိုက်ပျိုးရေလုံလောက်စွာ ရရှိရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက်လိုအပ်ချက်များကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

အမ်းမြို့နယ်၌ နွေရာသီကျောင်းပိတ်ရက်ကာလတွင် အခြေခံပန်းချီရေးဆွဲနည်း သင်တန်း ဖွင့်လှစ်ပို့ချ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် နွေရာသီ ကျောင်းပိတ်ရက်ကာလ၌ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းကို ယနေ့နေ့လယ်အချိန်က ဖွင့်လှစ်သင်ကြားပို့ချခဲ့သည်။

အမ်းမြို့နယ်၌ (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေ

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၌ ယနေ့ မွန်းလွဲပိုင်းက  ဖြန့်ဝေပေးခဲ့ကြသည်။

မာန်အောင်မြို့ ချမ်းမြေ့သစ္စာ ဓမ္မဘိုးဘွားရိပ်သာရှိ ဘိုးဘွား(၁၄)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် တိုင်းရင်းဆေးကုဌာန၊ တိုင်းရင်းဆေးခန်းမှူးမှ မာန်အောင်မြို့ ချမ်းမြေ့သစ္စာ ဓမ္မဘိုးဘွားရိပ်သာရှိ ဘိုးဘွား(၁၄)ဦးအား ယနေ့ညနေ၃နာရီက တိုင်းရင်းဆေးဖြင့် ကျန်းမားရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်ခဲ့သည်။

တပ်မတော်နယ်လှည့် အခမဲ့ ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွင် အလှူငွေများ ထည့်ဝင်ပေးကြသည့် စေတနာရှင်များနှင့် ပါဝင်ကူညီဆောင်ရွက်ပေးကြသည့် စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ တပ်မတော်နယ်လှည့် အခမဲ့ ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွင် အလှူငွေများ ထည့်ဝင်ပေးကြသည့် စေတနာရှင်များနှင့် ပါဝင်ကူညီဆောင်ရွက်ပေးကြသည့်  စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့၊ မွန်းလွဲ(၂)နာရီက ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်