ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ် မောင်တောမြို့၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ် မောင်တောမြို့၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဂွမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးအတွက် ဒေါင့်ချောင်းကျေးရွာ ပြည်သူများနှင့် တွေ့ဆုံ၊ စာသင်ကျောင်းအတွက် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များသည် ဧပြီလ(၁)ရက်နေ့ နံနက် ၁၀ နာရီအချိန်က ဒေသဖွံ့ဖြိုးရေးအတွက် ဒေါင့်ချောင်းကျေးရွာရှိ ပြည်သူများနှင့် တွေ့ဆုံခဲ့ပြီး စာသင်ကျောင်းအတွက် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ဂွမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေး စာရေးများတက်ရောက်ခဲ့သည်။

အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ နွေရာသီ အခြေခံ Physical Fitness Dance သင်တန်း ဆင်းပွဲနှင့် လူငယ်အသိ ပညာပေးဟော ပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ Community Centre ခန်းမ၌ နွေရာသီ အခြေခံ Physical Fitness Dance သင်တန်း ဖွင့်လှစ်လျက်ရှိရာ မတ်လ ၃၁ ရက် နေ့က သင်တန်းဆင်းပွဲနှင့်လူငယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။

အမ်းမြို့နယ်၌ နွေရာသီအခြေခံပန်းချီ ရေးဆွဲနည်း သင်တန်းဆင်းပွဲနှင့် လူငယ်အသိပညာပေး ဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နွေရာသီအခြေခံပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲနှင့် လူငယ်အသိပညာပေး ဟောပြောပွဲကို ယနေ့နေ့လယ်အချိန်က ကျင်းပခဲ့သည်။

ပေါက်တောမြို့၌ နေ့စဉ်အားကစားနှင့် ကျန်းမာရေး ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲပြုလုပ်

ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပေါက်တောမြို့နယ် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ ၁၄-၂-၂၀၂၃ ရက်စွဲပါ မြဝတီသတင်းစာတွင် ဖော်ပြပါရှိသည့် နေ့စဉ်အားကစားနှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့် ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ဆွေးနွေးကြကြောင်း သိရသည်။

သံတွဲမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာဖတ်ရှိန်မြင့်မားလာပြီး စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးတတ်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ဌာနများအရောက် စာအုပ်များငှားရမ်း ဝန်ဆောင်မှုပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။

သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး Talk Show ဆောင်ရွက်

သံတွဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယမန်နေ့နံနက် ၁၀ နာရီက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်ခဲ့သည်။

ပေါက်တောမြို့၌ ရခိုင်သမိုင်းဆိုင်ရာ စာတမ်းဖတ်ပွဲနှင့် သမိုင်းသုတစကားဝိုင်းပြုလုပ်

ရခိုင်ပြည်နယ်၊  စစ်တွေခရိုင်၊  ပေါက်တောမြို့၌ ရခိုင်သမိုင်းဆိုင်ရာ စာတမ်းဖတ်ပွဲနှင့် သမိုင်းသုတစကားဝိုင်းကို ယမန်နေ ညနေ ၇ နာရီက ပေါက်တောမြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်း ရုံးရှေ့တွင်း၌ ကျင်းပခဲ့သည်။

တောင်ကုတ်မြို့နယ်၌ ၂၀၂၃ခုနှစ် ပါဠိပထမပြန်စာမေးပွဲများကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ်ကျင်းပပြုလုပ်သော ပါဠိပထမပြန်စာမေးပွဲကို ဖောင်တော်ဦးစေတီတော်ရှိ မဟာဝိဇယ ဓမ္မာရုံ၌ ယနေ့မွန်းလွဲ(၁)နာရီအချိန်မှ ညနေ(၄)နာရီအထိ ကျင်းပလျက်ရှိကြောင်း သိရသည်။
Subscribe to ရခိုင်ပြည်နယ်