ရခိုင်ပြည်နယ်

အမ်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ လွှဲပြောင်းပေးအပ်

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမကဏ္ဍတို့တွင် ထုတ်ကုန်များတိုးချဲ့ ဆောင်ရွက်နိုင်ရန် အရင်းမပျောက် မတည်ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌  ခရိုင်မှတ်ပုံတင်ရေး အဖွဲ့မှ  မောင်တောခရိုင်အတွင်း မှတ်ပုံတင်ခွင့်ပြုထားသည့် သက်တမ်းရှိအသင်း အဖွဲ့ဝင်များအားအသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့် အကြမ်းဖက်မှုများကိုငွေကြေးထောက်ပံ့ရာတွင် NPO များကို အလွဲသုံးစားပြုခြင်းဆိုင်ရာကိစ္စရပ်များ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မြောက်ဦးမြို့၌ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆောင်ရွက်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်မီးဘေး လုံခြုံရေးရှိစေရေး အသိပညာပေးဆောင်ရွက်ခြင်းအား မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးနေဇင်ထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ် ကွက်အုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများပူးပေါင်း၍ ယနေ့နံနက ၁၀ နာရီအချိန်က အလယ်ဈေးရပ်ကွက် အသင့်စားမုန်တီခြောက်စက်ရုံသို့သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကျောက်ဖြူမြို့၌ မဟာသင်္ကြန်ကာလအတွင်း သင်္ကြန်တေးသီချင်းများဖြင့်ကပြဖျော်ဖြေပြီး ပြိုင်ပွဲဝင်နိုင်ရန်အတွက် ဌာနဆိုင်ရာသင်္ကြန်ယိမ်းအဖွဲ့ အကတိုက်လေ့ကျင့်

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ရခိုင်ပြည်နယ်၊  ကျောက်ဖြူမြို့၌ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း သင်္ကြန်တေးသီချင်းများဖြင့်ကပြဖျော်ဖြေပြီး ပြိုင်ပွဲဝင်နိုင်ရန်အတွက် ဌာနဆိုင်ရာသင်္ကြန်ယိမ်းအဖွဲ့မှာ မတ်လဒုတိယအပတ်မှစတင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် အကတိုက်လေ့ကျင့်လျက်ရှိသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌  အခြေခံဂီတာတီးသင်တန်း ပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ အခြေခံဂီတာတီးသင်တန်းကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန် မောင်တောခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ကျောက်ဖြူမြို့၌ ခရိုင်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ ခရိုင်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ပေါက်တောမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးနှင့် ကလေးသူငယ် အခွင့်အရေးဥပဒေရှင်းလင်းပွဲပြုလုပ်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးနှင့် ကလေးသူငယ်အခွင့်အရေးဥပဒေရှင်းလင်းပွဲကို ယနေ့  မွန်းလွဲ(၁)နာရီက မြို့နယ် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

တောင်ကုတ်မြို့နယ်၌ ၂၀၂၃ ခုနှစ် ဓမ္မာစရိယစာမေးပွဲနှင့်ပါဠိပထမပြန်စာမေးပွဲများကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနကကြီးမှူး၍ နှစ်စဉ်ကျင်းပပြုလုပ်သော ဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန် စာမေးပွဲများကို ဖောင်တော်ဦးစေတီတော်ရှိ မဟာဝိဇယဓမ္မာရုံ၌ ယနေ့မွန်းလွဲ(၁)နာရီ အချိန်မှညနေ (၄)နာရီ အထိ ကျင်းပလျက်ရှိကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းရခိုင်ပြည်နယ် စစ်တွေမြို့ရှိ စစ်တွေပြည်သူ့ဆေးရုံကြီး၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနများသို့လှည့်လည်ကြည့်ရှုစစ်​ဆေး

ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းသည်ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင်နှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်စစ်တွေမြို့ရှိ စစ်တွေပြည်သူ့ဆေးရုံကြီး၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းနှင့် အစားအသောက်နှင့်ဆေး ဝါးကွပ်ကဲရေးဦးစီးဌာနများသို့ သွားရောက်ပြီး လှည့်လည်ကြည့်ရှုစစ်​ဆေးခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသေးစားစက်မှု လက်မှုလုပ်ငန်းများအား မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းများအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို  ယမန်နေ့နံနက်ပိုင်းက မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။ 
Subscribe to ရခိုင်ပြည်နယ်