ဂွ ဧပြီ ၂
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေး စာရေးများတက်ရောက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ယခင်က မဲရုံ ၁၃၆ ရုံ လျာထားတင်ပြထားပြီးဖြစ်သော်လည်း ယခုလာမည့် ရွေးကောက်ပွဲတွင် electronic voting စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် မဲရုံ လျာထား သတ်မှတ်ချက်များကို စိစစ်ဆောင်ရွက်နိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက မဲရုံများက ပူးပေါင်းဆောင်ရွက်သွားကြရန်၊ ဧပြီလ(၃)ရက်နေ့မှစတင်ကာ ဧပြီလ(၈)ရက်နေ့အထိ ပညာရေးဌာနနှင့် ပူးပေါင်း၍ စာသင်ကျောင်းများတွင် ယဥ်ကျေးလိမ္မာနှင့် ဓမ္မစကူးသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်သွားကြရန်၊ သင်္ကြန်ကာလအတွင်း ခရီးသွားဝင်ရောက်မှုများပြားလာမည်ဖြစ်သည့်အတွက် ဧည့်စာရင်းစစ်ဆေးခြင်းကို ရပ်ကွက်၊ ကျေးရွာများတွင် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ သည်။
ထို့နောက်အစည်းအဝေး တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက မိမိတို့လုပ်ငန်းတာဝန်များ၊ ဌာနအလိုက်လုပ်ငန်း ဆောင်ရွက်ချက်များနှင့် ကျေးရွာများမှ ဆောင်ရွက်ချက် တင်ပြမှုများအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်