ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ် မောင်တောမြို့၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ် မောင်တောမြို့၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိန္တလီမြို့ သီရိမင်္ဂလာကျောင်းရှိ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး ထီးတော်တင်ပွဲနှင့် အနေကဇာတင်ပွဲ အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ သီရိမင်္ဂလာကျောင်းရှိ တည်ထားလျက်ရှိသော သီရိမင်္ဂလာဆုတောင်းပြည့် စေတီတော်မြတ်၏ ထီးတော်တင်နှင့်အနေကဇာတင်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါစေတီတော်ရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

မာန်အောင်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် စိုက်ပျိုးရေး မြစိမ်းရောင်စီမံကိန်း ကျေးရွာကော်မတီဝင်များအား သင်တန်းဖွင့်လှစ်ပို့ချ

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၌ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေဖြင့် အကောင်အထည်ဖေါ်ဆောင်ရွက်မည့် စိုက်ပျိုးရေးမြစိမ်းရောင်စီမံကိန်း ကျေးရွာကော်မတီဝင်များအား သင်တန်းဖွင့်လှစ်ပို့ချခြင်းကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အမ်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် စူဠဘွဲ့နှင်းသဘင်အခမ်းအနားနှင့် စာအောင်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲ၌ အောင်မြင်တော်မူခဲ့ကြသည် စာအောင်သံဃာတော်များနှင့်လူပုဂ္ဂိုလ်များအား ဆုချီးမြှင့်သည့် စူဠဘွဲ့နှင်း သဘင်အခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီခွဲက အမှတ် (၃)ရပ်ကွက်ဓမ္မရက္ခိတ ကုန်းဓာတ်ပေါင်းစုစေတီတော် မြတ်စွယ်တော်ဓမ္မာရုံတော်အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အမ်းမြို့နယ်၌ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥကဋ္ဌနှင် ့အဖွဲ့ဝင်များ၊ ဌာနဆိုင် ရာတာဝန် ရှိသူများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လုပ်ငန်းညှိနှိူင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁ဝ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြု လုပ်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ရှေးဟောင်းသမိုင်းဝင်ခိုမင်းဓာတ်စေတီတော်တွင် ဗုဒ္ဓါဘိသေကအနေကဇာတင် ပူဇော်ပွဲကျင်းပ

ရခိုင်ပြည်နယ် မောင်တောမြို့၌ ရှေးဟောင်းသမိုင်းဝင်ခိုမင်းဓာတ်စေတီတော်တွင် ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ပွဲကို  ယနေ့ နံနက် ၉ နာရီက  အဆိုပါ စေတီတော်အနီးတွင် ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများအား စားသောက်ကုန်ပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နေ့လယ် ၂ နာရီအချိန် အဆိုပါရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

တောင်ကုတ်မြို့နယ်၌ ၂၀၂၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲများကျင်းပလျက်ရှိ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနကကြီးမှူး၍ နှစ်စဉ်ကျင်းပပြုလုပ်သော ပါဠိပထမပြန်စာမေးပွဲကို ဖောင်တော်ဦး စေတီတော်ရှိ မဟာဝိဇယဓမ္မာရုံ၌ ယနေ့မွန်းလွဲ(၁)နာရီ အချိန်မှညနေ(၄)နာရီ အထိ ကျင်းပလျက်ရှိကြောင်း သိရသည်။

ကျောက်ဖြူမြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာတော်များအား အောင်လက်မှတ်ဆက်ကပ် လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၂ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ကျောက်ဖြူစာဖြေဌာနမှ ဝင်ရောက်ဖြေဆိုအောင်မြင်တော်မူကြသည့် စာအောင်သံဃာတော်(၄၀)ပါးတို့အား စာအောင်လက် မှတ်ဆက်ကပ်လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီကျော်အချိန်က နဂါးကျောင်းပရိယတ္တိစာသင်တိုက်၊ သီရိသုခရတနာဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။

ဘူးသီးတောင်မြို့၌၁၃၈၄ခုနှစ်၊ မဟာသင်္ကြန်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်စည်ကား သိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နေ့လယ်၁နာရီ ခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။
Subscribe to ရခိုင်ပြည်နယ်