မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်၊စာစောင်များ အခမဲ့ငှားရမ်းပေး
ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးဝန်ထမ်းများက ယမန် နေ့ နံနက်၁၁နာရီတွင် ရွေ့လျားစာကြည့်တိုက် Mobile Library စနစ်ဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများအား စာအုပ်၊စာစောင်များ အခမဲ့ ငှားရမ်းပေးခဲ့သည်။