ရခိုင်ပြည်နယ်

မြောက်ဦးမြို့၌ သောက်သုံးရေပြတ်လပ်လျက်ရှိသော အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်းသို့သွားရောက်၍ သောက်သုံးရေ များဖြန့်ဝေလှူဒါန်း

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ ပူပြင်းသောနွေရာသီကာလတွင် ရေတွင်း၊ ရေကန်များခန်းခြောက်ကာ သောက်သုံးရေပြတ်လပ်မှုများဖြစ်ပေါ်နေသဖြင့် ယနေ့နေ့လယ် ၁၂ နာရီကအချိန်က ရေအခက်အခဲကြုံတွေ့နေရသော အလိုတော်ပြည့်ဘုန်းတော်ကြီးတော်သို့ သွားရောက်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ သွား ရောက်ကာ သောက်သုံးရေများကို ဖြန့်ဝေ လှူဒါန်းပေးခဲ့သည်။

ပေါက်တောမြို့နယ်၌ ဌာနဆိုင်ရာ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအကြိမ်နှင့်ပဉ္စမအကြိမ် ထိုးနှံပေး

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်၌ ဌာနဆိုင်ရာ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတုတ္ထအကြိမ်နှင့် ပဉ္စမအကြိမ်ထိုးနှံခြင်းကို  ယနေ့ နံနက်(၁၀)နာရီက  ဗုဒ္ဓသာသနာ့ဓမ္မဗိမာန်တော်၌ ကျန်းမာရေးဌာန ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။

အမ်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် Mobile Library စနစ်ဖြင့် စာအုပ်၊စာစောင်များ အခမဲ့ငှားရမ်းပေး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှဝန်ထမ်းများက ယနေ့ နေ့လည်အချိန်က ရွေ့လျားစာကြည့်တိုက် Mobile Library စနစ်ဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနသို့ သွားရောက်၍ စာအုပ်၊ စာစောင်များအား အခမဲ့ငှားရမ်းခဲ့ကြသည်။ 

ငပလီ​မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် Mobile Libraryဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရပေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များအခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က ငပလီမြို့ စည်ပင်ရုံးနှင့် စိုက်ပျိုးရေးရုံးဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်းသိရသည်။

တောင်ကုတ်မြို့ ၌ မြို့နယ်လုံးဆိုင်ရာ စူဠဘွဲ့နှင်းသဘင် ဆုဆက်ကပ်လှူဒါန်းပွဲကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် ၂၀၂၂ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ အောင်မြင်တော်မူကြသော စာအောင်သံဃာတော်များအား မြို့နယ်လုံးဆိုင်ရာ စူဠဘွဲ့နှင်းသဘင်ဆု ဆက်ကပ်လှူဒါန်းပွဲကို မြို့မကျက်သရေဆောင် ဖောင်တော်ဦးစေတီတော်ရှိ ဓမ္မဝိဇယသာသနာ့ ဗိမာန်တော်ကြီး၌ ယမန်နေ့ညနေ (၃) နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

ဘူးသီးတောင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကဗျာရွတ်ပြိုင်ပွဲကို ယမန်နေ့နေ့လယ်(၁)နာရီအချိန်က အဆိုပါခန်းမအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရသေ့တောင်မြို့နယ် ၌စားသုံးဆီများကို စျေးနှုန်းချိုသာစွာဖြင့် လက်လီရောင်းချပေး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအစီစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ရသေ့တောင်မြို့မှ စားသုံးဆီကိုယ်စားလှယ် ဦးထွန်းမြနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်နှင့်

ရခိုင်ပြည်နယ် မောင်တောမြို့၌  ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများအား စားသောက်ကုန်ပစ္စည်းများနှင့် သင်္ကြန်ဝတ်စုံများထောက်ပံ့ပေးအပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများအား စားသောက်ကုန်ပစ္စည်းများနှင့် သင်္ကြန်ဝတ်စုံများထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီအချိန် အဆိုပါရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း နွေရာသီအားကစားသင်တန်းဆင်းပွဲတက်ရောက်

ရခိုင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်သော နွေရာသီအားကစားသင်တန်းဆင်းပွဲကိုယနေ့ညနေပိုင်းက စစ်တွေမြို့၊ ဓညဝတီအားကစားခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

ကျောက်ဖြူမြို့တွင် သင်္ကြန်ရာသီကာလ၌ ဒေသထွက်ငါးခြောက်များ ရောင်းအားကောင်း

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ သင်္ကြန်ရာသီကာလ၊ ဧပြီလတွင် ဒေသထွက်ငါးခြောက်များ ဝယ်ယူသူများပြားလျက်ရှိပြီး ရောင်းအားကောင်းလာကြောင်း ငါးခြောက်လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးထံမှ သိရသည်။
Subscribe to ရခိုင်ပြည်နယ်