ရခိုင်ပြည်နယ်

ငပလီကမ်းခြေသန့်ရှင်းသာယာလှပရေး စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးဆောင်ရွက်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ငပလီကမ်းခြေ သန့်ရှင်းသာယာလှပရေး စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၆ နာရီ ၃၀ မှ စတင်ငပလီ ကမ်းခြေတစ်လျှောက်တွင် စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။

သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အဆင့်မြင့် (Advanced Excel) ကွန်ပျူတာသင်တန်း (၁/၂ဝ၂၃) ဖွင့်လှစ်

သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် (Advanced Excel) ကွန်ပျူတာသင်တန်းကို ယမန်နေ့နေ့လယ် ၁၂ နာရီက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)   သင်တန်းခန်းမ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ပေါက်တောမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်သူများထံသို့စာအုပ်များအခမဲ့ငှားရမ်းပေး

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်၊ စာငှားသူများအဆင်ပြေစေရေးနှင့် စာပေဖတ်ရှုမှုမြင့်မားရေးအတွက် ယနေ့ ညနေပိုင်းက ပေါက်တောမြို့ရှိ ဦးမြဝါပန်းခြံတွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင် ပုံမှန်ငှားရမ်းပေးသည်။

ငပလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရပေးလျက်ရှိ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့မွန်းတည့် ၁၂ နာရီက ငပလီမြို့ စည်ပင်ရုံး နှင့် စိုက်ပျိုးရေးရုံးဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်းသိရသည်။

ပုဏ္ဏားကျွန်းမြို့ပေါ်ရပ်ကွက်များ၌ အန္တရာယ်ကင်းပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်ပူဇော်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်ရပ်ကွက်ရှိ ပန်းရံဆရာများ/လက်သမားဆရာများ ဦးဆောင်၍ (၆)ကြိမ်မြောက် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းကို ယမန်နေ့ ညနေပိုင်းက ပုဏ္ဏားကျွန်းမြို့ ပညာပါရမီ ပရိယတ္တိစာသင်တိုက်မှ စတင်ကာ မြို့ပေါ်(၄)ရပ်ကွက်သို့ မော်တော်ယာဉ်များဖြင့် လှည့်လည်၍ ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။

ဘူးသီးတောင်မြို့နယ် ဒေသအတွင်းစိမ်းလန်းစိုပြေစေရေး ရာသီဥတုကောင်းမွန်စေရန်အတွက် ပျိုးပင်ပေါင်း(သုံးသောင်း) အခမဲ့ဖြန့်ဝေနိုင်ရန်ပျိုးထောင်ထားရှိ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်အတွင်းရှိဒေသအတွင်း စိမ်းလန်းစိုပြေစေရေးရာသီဥတု ကောင်းမွန်စေရန်ရည်ရွယ်ပြီး ပြည်သူများသို့(အခမဲ့)ဖြန့်ဝေနိုင်ရန် ပျိုးပင်ပေါင်း(သုံးသောင်း) ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

အမ်းမြို့နယ်အတွင်းရှိ အသေးစားအလတ်စား MSME လုပ်ငန်းရှင်များအား မှတ်ပုံတင်ကပ်ပြားများ ပြုလုပ်ပေး

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် အတွင်းရှိ အသေးစား အလတ်စား MSME လုပ်ငန်းရှင်များအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် MSME လုပ်ငန်းရှင်များ တွေဆုံပွဲ လမ်းညွှန်ချက်အရ အသေးစား အလတ်စား MSME လုပ်ငန်းရှင်များအား ယနေ့နံနက် ၁၀ နာရီအချိန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ အသေးစား အလတ်စား MSME  မှတ်ပုံတင်ကပ်ပြားများအား  ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်ဝန်ကြီးချုပ်၏ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း လမ်းညွှန်မှာကြားချက်များအား အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

နိုင်ငံတာ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း လမ်းညွှန်မှာကြားချက်များအား အကောင်အထည်ဖော်ရေးနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁)တွင် ကျင်းပပြုလုပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

မြောက်ဦးမြို့၌ (၉၅) ကြိမ်မြောက် သျှစ်သောင်း၊ ထုက္ကန်၊ အံတော်သိမ်၊ လေးမျက်နှာ ဘုရားပွဲကျင်းပ နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ (၉၅) ကြိမ်မြောက် သျှစ်သောင်း၊ ထုက္ကန်၊ အံတော်သိမ်၊လေးမျက်နှာ ဘုရားပွဲကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန် နေ့က ထမ္မရာဇ်ရပ်ကွက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်