ရခိုင်ပြည်နယ်

မာန်အောင်မြို့ မြို့ပေါ်ရပ်ကွက်များအတွင်း မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မုန်းတိုင်းသတိပေးချက်​များဆော်သြ

ရခိုင်ပြည်နယ် မာန်အောင်မြို့၌ မြို့နယ်မီးသတ်ဦးစီးဌာန၊ လက်ထောက်မီးသတ်ဦးစီးမှူး ဦးကျော်စွာထွန်းဦးဆောင်၍ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မုန်တိုင်းသတိပေးချက် ဆော်သြခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်အတွင်း ဆောင်ရွက်ခဲ့သည်။

ပေါက်တောမြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး (Talk Show) ဆောင်ရွက်

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယမန်နေ့ နေ့လယ် ၁ နာရီက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး (Talk Show) ဆောင်ရွက်ကြသည်။

ကျောက်ဖြူမြို့၌ ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်“ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆိုင်းဘိုးစိုက်ထူပွဲကို ယမန်နေ့နံနက်(၈)နာရီက ကျောက်ဖြူမြို့နယ်ပညာရေးမှူးရုံးလမ်းခွဆုံ၊ ကုလားဘာတောင် ဈေးလမ်းခွဆုံနှင့် နာရီစင်ကွင်းလမ်းခွဆုံနှင့်  နေရာတို့တွင် ပြုလုပ်စိုက်ထူခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့နယ် ကျေးတောပိုက်ဆိပ်ကျေးရွာ၌ “မုန်တိုင်းဘေးအန္တရာယ်သဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း” ပြုလုပ်မှုအား ကြည့်ရှုအားပေး

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ ဦးဆောင်မှုနှင့် စစ်တွေခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ ပူးပေါင်းပါဝင် လေ့ကျင့်သော “မုန်တိုင်းဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း”ကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ် ကျေးတောပိုက်ဆိပ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းစုရပ်၌ပြုလုပ်ရာ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ရခိုင် ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက် ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြည့်ရှု အားပေးကြသည်။

ဘူးသီးတောင်မြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များပြသ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှေ့ မြေစိုက်နံရံကပ် ပြဘုတ်တွင် ယနေ့နံနက် ၉ နာရီအချိန်က မုန်တိုင်းဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ ပြသထားကြောင်း သိရသည်။

ပေါက်တောမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေး အထိမ်းအမှတ်ဆိုင်းဘုတ် စိုက်ထူ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့တွင် ကျောင်းနေအရွယ် ကလေးများအားလုံးကျောင်းအပ်နှံရေးအတွက် ၂၀၂၃-၂၀၂၄ ပညာ သင်နှစ် ကျောင်းအပ်နှံရေးအထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက် ၉ နာရီက အ.ထ.က(ပေါက်တော)၌ စိုက်ထူကြသည်။

မြေပုံမြို့နယ်၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ပြည်သူများသို့ အသိပေးနှိုးဆော်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေ (၅)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများ ရှိ ကျေးရွာများတို့တွင် လှည့်လည်နှိုးဆော်လျက်ရှိသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ မုန်တိုင်းဘေးအန္တရာယ် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ရခိုင်ပြည်နယ် မောင်တောမြို့၌ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ လက်ရှိဘင်္ဂလားပင်လယ်အော် အခြေအနေနှင့်ပတ်သက်၍ အားကောင်းသော ဆိုင်ကလုံးမုန်တိုင်း ဖြစ်နိုင်ခြေရှိ၍ မုန်တိုင်းကြိုတင် ကာကွယ်နိုင်ရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ယနေ့နံနက် ၇ နာရီ လူစည်ကားရာနေရာများသို့ သွားရောက်၍ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေသည်။

ဂွမြို့နယ်တွင် မုန်တိုင်းခိုလုံရာနေရာသို့ ပြောင်ရွှေ့နိုင်ရေး ကြိုတင်ပြင်ဆင်မှုများအား မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၌ သက်ကြီးရွယ်အိုဘိုးဘွားများ၊ ကလေးသူငယ်များနှင့် ပြည်သူများအား မုန်တိုင်းခိုလုံရာ နေရာနေရာများတွင် အဆင်ပြေချောမွေ့စွာ ပြောင်းရွှေ့နိုင်ရေးအတွက် စာသင်ကျောင်းများတွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့ ညနေပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ငပလီမြို့ရှိ သဘာဝဘေးအန္တရာယ်ကိုတင်ကာကွယ်ရေး ယာယီခိုလှုံရာ စခန်းများအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ကြည့်ရှုစစ်ဆေး

သံတွဲမြို့နယ်၊ ငပလီမြို့ရှိ သဘာဝဘေးအန္တရာယ်ကိုတင်ကာကွယ်ရေး ယာယီခိုလှုံရာ စခန်းများ အားယနေ့ နံနက် ၁၀ နာရီက  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် တာဝန်ရှိသူများ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရသည်။
Subscribe to ရခိုင်ပြည်နယ်