ဘူးသီးတောင်မြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များပြသ

ဘူးသီးတောင် မေ ၁၀

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှေ့ မြေစိုက်နံရံကပ် ပြဘုတ်တွင် ယနေ့နံနက် ၉ နာရီအချိန်က မုန်တိုင်းဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ ပြသထားကြောင်း သိရသည်။

အဆိုပါနံရံကပ်စာစောင်တွင် အများပြည်သူတို့သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ပြည်သူများအား ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျက်ရှိသည့် မုန်တိုင်းဘေးအန္တရာယ်၏ နောက်ဆက်တွဲဘေးအန္တရာယ်များဖြစ်သော ရေဘေး၊ လျှပ်စီးမိုးကြိုးဘေး၊ လေပြင်းဘေးနှင့် မုန်တိုင်းဘေး၊ ငလျင်ဘေးစသည့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များစသည့် အကြောင်းအရာများ ပြသထားရှိရာ ဒေသခံပြည်သူများ စိတ်ပါဝင်စားစွာ လေ့လာမှတ်သားလျက်ရှိကြောင်း သိရသည်။

လှကျော်(ပြန်/ဆက်)