ရခိုင်ပြည်နယ်

ဂွမြို့နယ်တွင်  ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့လှုပ်ရှားမှု မြေစိုက်ပိုစတာ စိုက်ထူ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့လှုပ်ရှားမှု မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးနှင့် မီးပွိုင့်လမ်းဆုံတို့၌ ဆောင်ရွက်ခဲ့ ကြသည်။  

ပေါက်တောမြို့တွင် မုန်တိုင်းအန္တရာယ် အသိပေးနှိုးဆော်ချက် လှည့်လည်ကြေညာ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့ရပ်ကွက်များတွင် ယနေ့နံနက်ပိုင်းက မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ မုန်တိုင်းအန္တရာယ် အသိပေးနှိုးဆော်ချက် လှည့်လည်ကြေညာကြသည်။

ကျိန္တလီမြို့၌ မုန်တိုင်းအန္တရာယ် ကျရောက်လာပါက မီးသတ်ဦးစီးဌာနမှ ကူညီကယ်ဆယ်ရေး ပစ္စည်းများဖြင့် ကြိုတင်ပြင်ဆင်ထားရှိမှုများကို ကွင်းဆင်းသရုပ်ပြ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အစီအစဉ်များကို အထူးအလေးထား ဆောင်ရွက်ကာ မီးသတ်ဦးစီးဌာနမှ ကူညီကယ်ဆယ်ရေး ပစ္စည်းများ ကြိုတင်ပြင်ဆင်ထားရှိမှုအား ပြည်သူများသို့ အသိပေး ကွင်းဆင်းသရုပ်ပြပွဲကို ယမန်နေ့ညနေပိုင်းက ကျိန္တလီမြို့၊ အမှတ်(၂)ရက်ကွက် ကူးတို့ဆိပ်၌ ပြုလုပ်ခဲ့ကြသည်။

ဂွမြို့နယ်အတွင်း မုန်တိုင်းဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အချိန်နှင့်တပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မုန်တိုင်းဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှုကို ယမန်နေ့ ညနေပိုင်းက မြို့မရပ်ကွက်ရှိ ကမ်းခြေဦးနှင့် ရဟိုင်ကူးတို့ ကျေးရွာတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသည့် ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းကို မေလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် မြုံချောင် ကျေးရွာ၊ လမ်းပြကြယ်စာကြည့်တိုက်သို့ သွားရောက်စစ်ဆေးခဲ့ကြသည်။

ရသေ့တောင်မြို့နယ်၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၌ မုန်တိုင်းအန္တရာယ် အသိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်နှိုးဆော်ခဲ့‌သည်။

မြောက်ဦးမြို့၌ မုန်တိုင်းဘေးအန္တရာယ်ကြုံတွေ့လာပါက မီးသတ်ဦးစီးဌာနမှ ကူညီကယ်ဆယ်ရေးပစ္စည်းများအား ကြိုတင်ပြင်ဆင်ထားရှိမှု ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မုန်တိုင်းဘေးအန္တရာယ်ကြို တင်ကာကွယ်ရေးအတွက် ကယ်ဆယ်ရေးပစ္စည်းများကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့ ပြုလုပ်ခဲ့သည်။

မြောက်ဦးမြို့၌ မုန်တိုင်းဘေးအန္တရာယ်ကြုံတွေ့လာပါက အရေးပေါ်ရှာဖွယ်ကယ်ဆယ်နိုင်ရန်အတွက် ချောင်းအတွင်း၌ ဇာတ်တိုက်လေ့ကျင့်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မုန်တိုင်းဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့လာပါက အရေးပေါ်ရှာဖွေကူညီကယ်ဆယ်မှုများ ပြုလုပ်နိုင်ရန်အတွက် မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွယ်ကယ်ဆယ်ရေးကို ယနေ့နံနက် ၉ နာရီအချိန်က အောင်တပ်ချောင်းအတွင်း၌ ဇာတ်တိုက် လေ့ကျင့်လျက်ရှိသည်။

ကျောက်ဖြူခရိုင် သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေး ပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် မိုးကြိုကာလတွင် ဖြစ်ပေါ်တတ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်များကို ပြည်သူလူထုများထံသို့ အချိန်နှင့်တစ်ပြေးညီ ကြိုတင်အသိပေးဆောင်ရွက်နိုင်ရန်အတွက် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၏ လမ်းညွှန်ချက်အရ သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။

မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ရုံးဝန်ထမ်းများအား စာအုပ်၊စာစောင်များ (အခမဲ့) ငှားရမ်းပေး

ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးဝန်ထမ်းများက ယနေ့ နံနက် ၁၁ နာရီတွင် ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့်  မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနရုံးသို့ သွားရောက်၍ စာအုပ်၊စာစောင်များအား ( အခမဲ့) ငှားရမ်းပေးခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်