ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အမ်းမြို့နယ်အတွင်း မိုခါမုန်တိုင်းအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကျေးရွာအုပ်စု(၅)အုပ်စုရှိ အိမ်ထောင်စုများအား စားနပ်ရိက္ခာပစ္စည်းများ ထောက်ပံ့ပေးအပ်

အမ်း မေ ၂၀

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အမ်းမြို့နယ်အတွင်း  မိုခါမုန်တိုင်းအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လေဘေးသင့်ကျေးရွာအုပ်စု (၅) အုပ်စုရှိ အိမ်ထောင်စုများအား စားနပ်ရိက္ခာ ပစ္စည်းများ ထောက်ပံ့ပေးခြင်းကို ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီမှ ဦးဆောင်မှု ဖြင့် ယနေ့ ညနေ ၄ နာရီအချိန်က ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများသို့ သွားရောက်၍ ပြည်သူများအား သွားရောက်၍ ထောက်ပံပေးအပ်ခဲ့ သည်။

အမ်းမြို့နယ်တွင် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သော မိုခါမုန်တိုင်းအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အမ်းမြို့နယ်အတွင်းမှ အောက်ရွာကျေးရွာအုပ်စု၊ ဂါယ်လေင်းကျေးရွာ အုပ်စု၊ အမ်းမြောက်ကျေးရွာအုပ်စု၊ လုံးကောက်ကျေးရွာအုပ်စုနှင့် အမ်းတောင်ကျေးရွာအုပ်စု စသည့် ကျေးရွာအုပ်စု(၅)အုပ်စုတို့မှ လေဘေးသင့်အိမ်ထောင်စု(၃၃)စု၊ လူဦးရေ(၁၅၄) ဦး အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ဆန်ရိက္ခာ လူတစ်ဦးတစ်ရက်လျှင် (၂)ဘူး နှုန်းဖြင့် (၅)ရက်စာအတွက် လည်းကောင်း၊ ဆီလူတစ်ဦးတစ်ရက်လျှင် (၁)ကျပ်သားနှုန်းဖြင့် (၅)ရက်စာအတွက် လည်းကောင်း၊ ငပိအိမ်ထောင်စုတစ်စုလျှင် (၁၅)ကျပ်သားနှုန်းဖြင့် ထောက်ပံ့ရိက္ခာများအား ခရိုင်သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီ ​ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး မောင်မောင်ခိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ၊ မြိုနယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များက လေဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးသည့် ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ငပိ ရိက္ခာပစ္စည်းများအား ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။

စိုးမင်းထွန်း