အမ်းမြို့နယ်အတွင်း ရပ်ကွက်ကျေးရွာ အုပ်စုများရှိ ယာယီခိုလှုံနေရာများတွင် ခိုလှုံသည့် လေဘေး ရှောင်ပြည်သူများအားကျွေးမွေးစရိတ်ထောက်ပံ့ပေးအပ်
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အမ်းခရိုင်၊ အမ်းမြို့နယ်အတွင်း ရပ်ကွက်ကျေးရွာအုပ်စုများအတွင်းရှိ ယာယီခိုလှုံရာနေရာများတွင် ခိုလှုံနေသည့် လေဘေးရှောင် ပြည်သူများအတွက် ကျွေးမွေးစရိတ် ထောက်ပံ့ပေးအပ်ခြင်းကို ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီမှ ယမန်နေ့ နေလည်အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။