ရခိုင်ပြည်နယ်

ကျောက်တော်မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့မှ ဘုန်းတော်ကြီးကျောင်းများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့မှ ဘုန်းတော်ကြီးကျောင်းများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်သည်။

ပုဏ္ဏားကျွန်းမြို့ရှိ ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ကျန်းမာရေး စောင့်ရှောင်မှုလုပ်ငန်းများဆောင်ရွက်ပေး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ မုန်တိုင်းဒဏ်ခံရသည့် ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့၊ မြို့မပရိယတ္တိဘုန်းတော်ကြီးကျောင်းတိုက်တွင် အခြေပြု၍ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးခဲ့သည်။

မအီမြို့ အ- ထ- က(ခွဲ) ဂျီဖြူတောင်တွင် သင်ကြားရေး အထောက်အကူပြုပစ္စည်းများနှင့် သောက်ရေသန့်များအား ဒေသခံပြည်သူများက ဖြည့်စွက်လှူဒါန်း

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ဂျီဖြူတောင်ကျေးရွာ၊ အထက်တန်းကျောင်း(ခွဲ)တွင် သင်ကြားရေး အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသား၊ ကျောင်းသူများ သောက်သုံးရန် သောက်ရေသန့်များကို ဒေသခံပြည်သူ စေတနာရှင်များက ဖြည့်စွက်လှူဒါန်းလျက်ရှိကြောင်း အဆိုပါ အ- ထ- က(ခွဲ) ကျောင်းအုပ်ဆရာကြီး ဦးဇော်ဇော်ထွန်းမှ သိရသည်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်ချုပ်အောင်မျိုးထွန်းက ရသေ့တောင်မြို့နယ် ကျေးရွာအုပ်စုများရှိ မိုခါမုန်တိုင်းဒဏ် သင့်ပြည်သူများအား ကယ်ဆယ်ရေးရိက္ခာဆန်များ ထောက်ပံ့ပေးအပ်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ရှိ မိုခါမုန်တိုင်းဒဏ်သင့် ကျေးရွာအုပ်စုနေ ပြည်သူများအတွက် ကယ်ဆယ်ရေးရိက္ခာ ဆန်များထောက်ပံ့ခြင်းကို ယနေ့နံနက်ပိုင်းတွင် ရသေ့တောင်သင်္ဘောဆိပ်၌ ပြုလုပ်ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်ချုပ်အောင်မျိုးထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် ဌာနဆိုင်ရာများ တက်ရောက်ပေးခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာ သင်တန်းကျောင်းတွင် မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာ သင်တန်းကျောင်းတွင် မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန် အဆိုပါ ကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။

မိုခါ မုန်တိုင်းဘေးဒဏ်သင့် တောင်သူများအတွက် ဖြန့်ချိမည့် စူပါနှံကောက်မျိုးစပါးများ ပုဏ္ဏားကျွန်းမြို့သို့ ရောက်ရှိ

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် လေဘေးသင့်တောင်သူများအတွက် ဖြန့်ချိမည့် စူပါနှံကောက်မျိုးစပါးများ ယမန်နေ့ နေ့လယ်(၁၂)နာရီက ပုဏ္ဏားကျွန်းမြို့သို့ တပ်မတော်မော်တော်ယာဉ်များဖြင့် သယ်ယူရောက်ရှိလာရာ ပုဏ္ဏားကျွန်း မြို့နယ်တာဝန်ခံ ဗိုလ်မှူးချုပ် ဝင်းမောင်နှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

ပေါက်တောမြို့နယ် ကံချောင်းကျေးရွာ၌ မြစိမ်းရောင်ရန်ပုံငွေ ( အဋ္ဌမ) အကြိမ်ထုတ်ချေးပေး

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ပြန်လည်ထုတ်ချေးခြင်းကို ယနေ့နံနက် ၁၁ နာရီတွင် ကံ​ချောင်းကျေးရွာရှိ အသင်းသား အသင်းသူများအား (အဋ္ဌမ) အကြိမ်ပြန်လည်ထုတ်ချေးပေးကြသည်။

မြေပုံမြို့၌ ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက နေပြည်တော်ပြည်သူ့ဆေးရုံ (ကုတင်-၁၀၀၀)မှ ဒေါက်တာ သက်ကိုကိုအောင် ဦးဆောင်သော အထူးကုဆရာဝန်များ (နယ်လှည့်ဆေးကုအဖွဲ့)က လေဘေးသင့် ပြည်သူများအား ဆေးကုသပေးနေမှုကို သွားရောက်ကြည့်ရှု

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက နေပြည်တော် ပြည်သူ့ဆေးရုံ (ကုတင်-၁၀၀၀)မှ ဒေါက်တာ သက်ကိုကိုအောင် ဦးဆောင်သော အထူကုဆရာဝန်များ (နယ်လှည့်ဆေးကုသရေးအဖွဲ့)က ဒေသခံ ပြည်သူများအား မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆေးကုသပေးနေမှုသို့ ယနေ့နံနက် (၁၀)နာရီခွဲ အချိန်က သွားရောက်ကြည့်ရှုပြီး ဆရာဝန်ကြီးများအား နှုတ်ဆက်စကား ပြောကြားသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ လှူဒါန်းသော အလှူငွေကျပ်သိန်း (၁၀၀) အား ကျောက်တော် မြို့နယ် သံဃနာယကအဖွဲ့ ဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်းခြင်းနှင့် မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့မှ လှူဖွယ်ပစ္စည်းမျ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ လှူဒါန်းသော အလှူငွေများအား ကျောက်တော်မြို့နယ် သံဃနာယကအဖွဲ့ ဆရာတော်ကြီးများအား လှူဒါန်းခြင်းနှင့် မြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့မှ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကိုယနေ့ နံနက်ပိုင်းက မြို့နယ်သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်သည်။

တောင်ကုတ်မြို့နယ်၌ အသက်(၅)နှစ်နှင့်အထက် ကျောင်းသား၊ကျောင်းသူများသို့ ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် အသက်(၅)နှစ်နှင့်အထက် ကျောင်းသား ၊ ကျောင်းသူများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီ အချိန်မှ စတင်၍ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Subscribe to ရခိုင်ပြည်နယ်