မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းလျှက်ရှိ
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယာယီတိုက်ပွဲ ရှောင်စခန်းမှ စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာဖတ် ပရိသတ်များအား Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ နေ့လယ် ၁ နာရီအချိန်က အောင်တပ်ရပ်ကွက် မင်္ဂလာအောင် စေတီဘုရား ယာယီတိုက်ပွဲရှောင်စခန်းရှိ ယာယီအခြေခံပညာ (မူလွန်) ကျောင်းသို့ သွားရောက်၍ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။