ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်အဖွဲ့ဝင်များသည် ပုဏ္ဏားကျွန်းမြို့၌ ကျောင်းပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့၊ အခြေခံ ပညာအထက်တန်း ကျောင်းခြံစည်းရိုးဘေးလမ်းမတစ်လျှောက်တွင် တပ်မတော်မှ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ဌာနဆိုင်ရာဝန်ထမ်းများက ကျောင်းပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုတို့ကို လာရောက်ကြည့်ရှုအားပေးခဲ့သည်။