မိုခါ မုန်တိုင်းဘေးဒဏ်သင့် တောင်သူလယ်သမားများ မိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် ပေါ်ဆန်းရင်မျိုးစပါးများ ပုဏ္ဏားကျွန်းမြို့သို့(တတိယအကြိမ်)ရောက်ရှိ
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ မိုခါမုန်တိုင်းဒဏ်သင့် တောင်သူလယ်သမားများ မိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သော မျိုးစပါးများကို အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခြွမှုကော်မတီ၏ စီမံလမ်းညွှန်မှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက လိုအပ်သည့် မျိုးစပါးများအား တပ်မတော် မော်တော်ယာဉ်များဖြင့် ယနေ့၊ နံနက်(၁၁)နာရီတွင် ပုဏ္ဏားကျွန်းမြို့သို့ (တတိယအကြိမ်) ရောက်ရှိလာသည်။