ရခိုင်ပြည်နယ်

ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့်တာဝန်ရှိ သူများသည် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများအား (အခမဲ့) ဆေးကုသပေးနေမှုများအား သွားရောက်ကြည့်ရှုအားပေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း၊ ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီးတင်မိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့်တာဝန်ရှိသူများသည် ယမန်နေ့နံနက် (၉) နာရီအချိန် ဘူးသီးတောင်မြို့နယ်က ကျက်ဘက်ကံပြင်ကျေးရွာအုပ်စု၊ အမှတ် (၃) အခြေခံပညာမူလတန်း (လွန်) ကျောင်း၌ ကကျက်ဘက်ကံပြင်ကျေးရွာအုပ်စု၊ စပါးထားကျေးရွာအုပ်စု၊ ဘကုံးနားကျေးရွာအုပ်စုတို့ရှိ ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှု (အခမဲ့) ဆေးကုသပေးနေမှုများအား သွားရောက်ကြည့်ရှုကာ အားပေးစကားများပြောကြားခဲ့ပြီး ခေါက်ဆွဲခြောက်များပေးအပ်ကာ အဆိုပါကျေးရွာအုပ်စုများရှိ လေဘေးသင့်ပြည်သူများအတွက် အမှတ် (၃) အခြေခံပညာမူလတန်း (လွန်) ကျောင်းခန်းမ၌ (ဒုတိယ) ကြိမ်အဖြစ် ထောက်ပံ့ပစ္စည်းများဖြစ်သည့် သွပ်ချပ်၊ အမိုးသံ၊ သစ်၊ 40-Kg ဆန်နှင့် စားသောက်ဖွယ်ရာတို့အား လေဘေးသင့်အိမ်ထောင်စု များအားထောက်ပံ့ပေးအပ်ခဲ့ပြီး ဆရာ/ဆရာမများအား ဆန်နှင့်ခေါက်ဆွဲခြောက်များပေးအပ်ကာ အားပေးစကားများပြောကြားခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

မြောက်ဦးမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများက မုန်တိုင်းသင့်ပြည်သူများအား ထောက်ပံ့မည့် ဆန်အိတ်များကို ကြည့်ရှုစစ်ဆေး၊ လိုအပ်သည်များကို လမ်းညွှန်မှာကြား

မြောက်ဦးမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် (၁၀) နာရီခွဲအချိန်က မြောက်ဦးမြို့၊ မြို့တော်ခန်းမတွင် ရောက်ရှိနေသော မုန်တိုင်းသင့်ပြည်သူများအား ထောက်ပံ့မည့် ဆန်အိတ်များကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သံတွဲမြို့ အ.ထ.က (၁)ကျောင်း၌ အသက် ၁၂ နှစ်မှ ၁၅ နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအား ကိုဗစ် - ၁၉ အပိုဆောင်းကာကွယ်ဆေး ထိုးနှံ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့တွင် အသက် ၁၂ နှစ်မှ ၁၅ နှစ်အတွင်း ကျောင်းသား/ ကျောင်းသူများအား ကိုဗစ် - ၁၉ အပိုဆောင်းကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ယနေ့ နံနက် (၁၀)နာရီမှစ၍ အ.ထ.က(၁)ကျောင်းတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

တောင်ကုတ်မြို့နယ်၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုး

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇူလိုင်(၃)ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီ စုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၇)နာရီခွဲအချိန်က ကုတင်(၁၀၀)ပြည်သူ့ဆေးရုံဝင်း အတွင်း၌ ကျင်းပသည်။

အမ်းမြို့နယ်၌ မြန်မာအမျိုးများနေ့ကို ဂုဏ်ပြုသောအားဖြင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်သော မြန်မာအမျိုးများနေ့ကို ဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၈:၀၀) နာရီတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးသစ်)၌ ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် တာ၀န်ရှိသူများနှင့်အတူ ကုတင် ၁၀၀ ဆံ့ ခရိုင်ပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး ‌ဆေးကုသမှုခံယူနေကြသော ပြည်သူများအား အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနေဦးနှင့် တာ၀န်ရှိသူများသည် ယမန်နေ့နံနက် ၁၀ နာရီအချိန် ကုတင် ၁၀၀ ဆံ့ ခရိုင်ပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး ‌ဆေးကုသမှုခံယူနေကြသော ပြည်သူများအား အာဟာရဖြည့်စွက်စာများ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၌ ပြန်လည်ထူတောင်ရေးအတွက် ရောက်ရှိလာသော မီးတိုင်များအား သက်ဆိုင်ရာကျေးရွာများသို့ ပေးပို့ဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၊ ကျေးရွာများ၌ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးကျိုးပြတ်သွားသော မီးတိုင်များအတွက် ပြန်လည် ထူထောင်ရေးဆောင်ရွက်ရန် ပထမအကြိမ်အဖြစ် ဓာတ်မီးတိုင် ၉၃ လုံးသည် ယနေ့ နေ့လယ်ပိုင်းက ရေဘဝဲ ၄ ရေယာဥ်ဖြင့် င/လပြားဆိပ်ကမ်းသို့ရောက်ရှိသည်။

မြောက်ဦးမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများက GW-11 မျိုးစပါးများကို မုန်တိုင်းသင့်တောင်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ယမန်နေ့ ညနေ ၅ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မုန်တိုင်းသင့်တောင်သူများအား ထောက်ပံ့မည့် GW-11 မျိုးစပါးများသည် တပ်မတော်ယာဉ်များဖြင့် မြို့တော်ခန်းမသို့ ရောက်ရှိလာသည်။

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် တာ၀န်ရှိသူများနှင့်အတူ ကုတင် ၁၀၀ ဆံ့ ခရိုင်ပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး ‌ဆေးကုသမှုခံယူနေကြသော ပြည်သူများအား အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနေဦးနှင့် တာ၀န်ရှိသူများသည် ယနေ့နံနက် ၁၀ နာရီအချိန် ကုတင် ၁၀၀ ဆံ့ ခရိုင်ပြည်သူ့ ဆေးရုံသွားရောက်ပြီး ‌ဆေးကုသမှုခံယူနေကြသော ပြည်သူများအား အာဟာရဖြည့်စွက်စာများ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ရခိုင်ပြည်နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ

ရခိုင်ပြည်နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေဟိုတယ် ခန်းမတွင်ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ဆုရကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Subscribe to ရခိုင်ပြည်နယ်