ပေါက်တောမြို့နယ်အတွင်းရှိ မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ

ပေါက်တော ဇူလိုင် ၁၆

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် တိရစ္ဆာန်များအား ပြန်လည်ဖြည့်တင်ရေး၊ ပြည်နယ် မွေးမြူရေးကဏ္ဍပြန်လည်ထူထောင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မွေးမြူရေးလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ယမန်နေ့ နံနက်ပိုင်းက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲထွန်းဝင်းသည် ပေါက်တောမြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းရှင်များနှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံကြောင်း သိရသည်။

ဦးစွာမွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲထွန်းဝင်းက မွေး/ ကုဌာနအနေဖြင့် မျုိးကောင်း မျုိးသန့် တိရစ္ဆာန်များရရှိစေရေး သက်ဆိုင်ရာ ကုမ္ပဏီများ

နှင့် ချိတ်ဆက်ဆောင်ရွက်ထားရှိကြောင်း၊ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်လုပ်ငန်းများအား စီမံဆောင်ရွက်ထားရှိခြင်းနှင့် စျေးကွက်ခိုက်မာမှုရှိစေရေး ချိတ်ဆက်ဆောင်ရွက်ထားရှိကြောင်း ပြောကြားသည်။

ထို့ပြင် ကြက်(၁)ယူနစ်(၃ဝဝဝ)ကောင် ကျပ်သိန်း ၁၅၀ လည်းကောင်း၊ဝက်(၁)ယူနစ်(၁ဝဝ)ကောင် ကျပ်သိန်း ၃၅၀ လည်းကောင်း၊ ဆိတ်(၁)ယူနစ်(၅ဝ)ကောင် ကျပ်သိန်း ၁ဝဝ လည်းကောင်း၊ နွား(၁)ယူနစ် (၁ဝ)ကောင် ကျပ်သိန်း ၁ဝဝ စသည့်တို့အတွက် ထောက်ပ့ံသွားမည့် နည်းလမ်းရှိကြောင်း ဆက်လက်ပြောကြားသည်။

ဆက်လက်ပြီး နတ်တောင်ပြင်ကျေးရွာ တောင်သူ ဦးစံထွန်းကျော်၊ဦးမောင်ဦး၏ လယ်၌  အထွက်ကောင်း မျိုးစပါး GW-11 စံပြစိုက်ခင်းသို့ လှည့်လည်ကြည့်ရှုအားပေးကြကြောင်း သိရသည်။

ဝင်းမင်းစိုး(ပြန်/ ဆက်)