ရခိုင်ပြည်နယ်

အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန  (Community Centre)၌  စာဖတ်ဝိုင်း ကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းနှင့် ဝန်ထမ်းများက စာပေမြတ်နိုးသူ Book Clubအသင်းဝင် လူငယ်များ ပူးပေါင်း၍ ဒို့ကျေးရွာဂျာနယ် အတွဲ(၂၀)၊အမှတ် (၁၃)၊ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁ ရက်မှ ဆောင်ပါးရှင် မောင်မောင်မြင့်သိန်း ရေးသားသည့် လူငယ်များသိသင့်သော အပြုအမူများ ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက်(၉) နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မင်းပြားမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ ပြန်လည်ထူထောင်ရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်အဖွဲ့သည့် ယမန်နေ့နံနက် ၁၀ နာရီအချိန်က (မိုခါ)မုန်တိုင်း တိုက်ခတ်ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်နိုင်ရေးအတွက် မင်းပြားမြို့နယ် ကင်းဆိပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့သွားရောက်၍ ကွင်းဆင်းကာကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံကြသည်။

မအီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်ပြီး ကျေးလက်ကျန်းမာရေးဌာနဝန်ထမ်းများ၊ မြို့စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ မအီနယ်မြေမီးသတ်စခန်းမှဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများလိုက်ပါ၍ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက မအီမြို့၊ အမှတ်(၄)ရပ်ကွက်အတွင်း၌ တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်တော်မြို့ ပရိယတ္တိကျောင်းတိုက်၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် မြို့သစ်ရပ်ကွက်အတွင်းရှိ ပရိယတ္တိကျောင်းတိုက်၌ ယနေ့နံနက်၈ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်းပြီး အဆိုပါ ကျောင်းဝင်းအတွင်း စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အမ်းမြို့ ခရိုင်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့မှ ဥပဒေဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ရခိုင်ပြည်နယ် အမ်းခရိုင် အမ်းမြို့နယ်၌ ခရိုင်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့မှ အသိပညာပေး ဟောပြောပွဲကို အောက်ရွာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့ နေလည်အချိန်တွင်ကျင်းပခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ဗဟိုလ်ကျောင်းတိုက်တွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများက  စုပေါင်းသန့်ရှင်းရေး ပြုလုပ်

ရခိုင်ပြည်နယ် မောင်တောခရိုင် ၊ မောင်တောမြို့၌ ဗဟိုလ်ကျောင်းတိုက်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်၍ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများစုပေါင်း၍ ယနေ့ နံနက်ပိုင်းက စုပေါင်း သန့်ရှင်းရေး ပြုလုပ်ခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ သုံးမိုင်လူငယ်ဖွံ့ဖြိုး ရေး ပရဟိတ ဘုန်းတော်ကြီးကျောင်းရှိ ကျောင်းသား၊ကျောင်းသူများအား  ကျန်းမာရေး စောင့်ရှောက်မှုပေး

ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက သုံးမိုင်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဘုန်းတော်ကြီးကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား   ယမန်နေ့  နေ့လယ် ၂ နာရီအချိန် အဆိုပါကျောင်းတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများအား စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု၊ ပြန်လည်ထူထောင်ရေးအတွက် အလှူငွေပေးအပ်ပွဲတက်ရောက်

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မိုခါမုန်တိုင်းသင့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အလှူငွေပေးအပ်ပွဲသို့ တက်ရောက်သည်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဌာနဆိုင်ရာဝန်ထမ်းနှင့် ပူးပေါင်း၍ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီး တင်မိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်း၊ အဖွဲ့ဝင်များနှင့်အတူ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူလူထုများမှစုပေါင်း၍ ယနေ့နံနက် (၁၀)နာရီအချိန်က ဘူးသီးတောင်မြို့ မြို့သစ်ရပ်ကွက်ရှိ မြို့မဓမ္မာရုံ၌ ကျင်းပသော မြို့ပေါ် ရပ်ကွက်များရှိ ဘုန်းတော်ကြီး ကျောင်း(၂၈)ကျောင်းမှ ပင့်သံဃာတော်(၂၈) ပါးတို့အား စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဘူးသီးတောင်မြို့ အေးစေတီကျောင်းတိုက်ဩဝါဒစရိယ ဆရာတော်ဘဒ္ဒန္တသောမထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ဆရာတော်၊ အရှင်သူမြတ်များမှ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ် ဝတ္တုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးနှင့်တာဝန်ရှိသူများသည် နတ်မြစ်အနီးကမ်းစပ်တစ်လျှောက်တွင် ဒီရေတောပင်များသွားရောက်စိုက်ပျိုး

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနမှ နတ်မြစ်အနီး ကမ်းနားတစ်လျှောက် ဒီရေတောပင်များ ပိုမိုများပြားလာစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီအချိန် နတ်မြစ်ဝအတွင်း ကမ်းစပ်အနီး ဒီရေတော သွားရောက်စိုက်ပျိုးခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်စိုက်ပျိုးပေးခဲ့ကြသည်။
Subscribe to ရခိုင်ပြည်နယ်