ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးနှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများသည် သရေကုန်းဘောင်ကျေးရွာတွင် မိုးစပါးများ ပျိုးထောင်နေမှုနှင့် မြေပြုပြင် ထွန်ယက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးနှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများသည် သရေကုန်းဘောင် ကျေးရွာတွင် မိုးစပါးများ ပျိုးထောင်နေမှုနှင့် မြေပြုပြင်ထွန်ယက်နေမှုများအား ယမန်နေ့ညနေပိုင်းက မြေပြင်ကွင်းဆင်း လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။

စစ်တွေမြို့နယ်တွင် ဌာဆိုင်ရာများက ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ် ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် သင်္ဂနက်ကျေးရွာနှင့် မင်းဂံရပ်ကွက်များသို့ ကွင်းဆင်းကာ ကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံကြသည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့ပေါ်  ရပ်ကွက်များနှင့်စာသင်ကျောင်းများတွင်သွေးလွန်တုပ် ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင် မြို့တွင် မြို့နယ်ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာအဖွဲ့စည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပြည်သူ လူထုများပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များ၊ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို ယနေ့နံနက်ပိုင်းကဆောင်ရွက်ကြသည်။

မြောက်ဦးခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပေါင်မုန့်၊ ကိတ်မုန့်အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်း (၄/၂၀၂၃) သင်တန်းဆင်းပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်သင်ကြားပို့ချသော ပေါင်မုန့်၊ ကိတ်မုန့်အမျိုးမျိုး ထုတ်လုပ်မှုနည်း ပညာသင်တန်း (၄/၂၀၂၃) သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်က ထမ္မရာဇ်ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးဟောင်း)တွင် ကျင်းပခဲ့ကြောင်း သိရသည်။

သံတွဲမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့ နံနက်(၈)နာရီအချိန်တွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

အမ်းမြို့နယ် စျေးရပ်ကွက် မင်းကျောင်းကျောင်းတိုက် ပုရဝုဏ်အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် မင်းကျောင်းကျောင်းတိုက် ပုရဝုဏ်အတွင်း စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက်ပိုင်းက ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်း၍ ဆောင်ရွက်ကြသည်။

တောင်ကုတ်မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် လူဝင်မှုကြီးကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ယမန်နေ့နံနက်က လမူးမော်ကျေးရွာရှိ အခြေခံပညာအထက်ကျောင်း၌ ကျောင်းသား၊ကျောင်းသူများ ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် နိုင်ငံသားစီစစ် ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လစ်လပ်လျက်ရှိသည့် ရာထူးနေရာများအတွက် အရည်အချင်းစစ်စာမေးပွဲနှင့် နုတ်ဖြေစာမေးပွဲပြုလုပ်မည်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လစ်လပ်လျက်ရှိသည့် ရာထူးနေရာများအတွက် အရည်အချင်းစစ်စာမေးပွဲနှင့် နုတ်ဖြေစာမေးပွဲကို ဇူလိုင် ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ စာစစ်ဌာန ၂ တွင် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပေါက်တောမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် ဌာဆိုင်ရာ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ခြင်အန္တရာယ် ကင်းဝေးစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဗုဒ္ဓသာသနာ့ဓမ္မဗိမာန်တော် ပတ်ဝန်းကျင်ရှိ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက ပြုလုပ်ခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများ သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား ကြည့်ရှုအားပေး၊ ကျောက်တစ်လုံး၊ မဟာဗောဓိတပ်ဦးကျောင်း၊ ပရိယတ္တိစာသင်တိုက်မှ ဆရာတော်အား ဖူးမြော်ကြည်ညို၍ ဆရာတော်ကြီးများအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်း

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုအား သွားရောက်ကြည့်ရှုအားပေးပြီး ကျောက်တစ်လုံး၊ မဟာဗောဓိတပ်ဦးကျောင်း၊ ပရိယတ္တိ စာသင်တိုက်မှ ဆရာတော်အား ဖူးမြော်ကြည်ညို၍ ဆရာတော်ကြီးများကို နေ့ဆွမ်း  ဆက်ကပ်လှူဒါန်းသည်။
Subscribe to ရခိုင်ပြည်နယ်