ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေး ပြုလုပ်
ရခိုင်ပြည်နယ် မောင်တောခရိုင် ၊ မောင်တောမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်၍ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများစုပေါင်း၍ အဖွဲ့များခွဲကာ သတ်မှတ်ထားသော ဘုန်းတော်ကြီးကျောင်းများအလိုက် ယနေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များ ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။