ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့ပေါ်ရပ်ကွက်များ၊ စာသင်ကျောင်းများနှင့် ဌာနဆိုင်ရာရုံးများတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင် မြို့တွင်မြို့နယ်ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာ အဖွဲ့စည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပြည်သူ လူထုများပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များ၊ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို ယနေ့‌ နေ့လယ်ပိုင်းကဆောင်ရွက်ကြသည်။

ပုဏ္ဏားကျွန်းမြို့ ဓမ္မမဏ္ဍိုင်ဘုန်းတော်ကြီးကျောင်းတိုက်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက် ဓမ္မမဏ္ဍိုင်ဘုန်းတော်ကြီးကျောင်းတိုက်၌ ကျောင်းတိုက်သန့်ရှင်းသာယာ လှပစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းတို့ကို ယနေ့၊ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ကွန်းတောင်ကျေးရွာ၌ စူပါဘိုကာရှိပြုလုပ်နည်း သရုပ်ပြပွဲကျင်းပ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဦးဆောင်၍ စူပါဘိုကာရှိ ပြုလုပ်နည်းသရုပ်ပြပွဲအခမ်းအနားကို ယမန်နေ့၊ နံနက်ပိုင်းက ကွန်းတောင်ကျေးရွာအုပ်စု၊ ကွန်းတောင် ကျေးရွာနေ ဦးချက်ဖားအကွက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းရှိ အခြေခံပညာကျောင်းနှင့်ရုံးများတွင် လစ်လပ်လျက်ရှိသည့် ရာထူးနေရာများအတွက် အရည်အချင်းစစ် စာမေးပွဲဖြေဆို

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းရှိ အခြေခံပညာကျောင်းနှင့်ရုံးများတွင် လစ်လပ်လျက်ရှိသည့် ရာထူးနေရာများအတွက် အရည်အချင်းစစ် စာမေးပွဲကို ယမန်နေ့ နံနက်၉ နာရီအချိန် သတ်မှတ်ထားသော စာစစ်ဌာန ၂ တွင် စစ်ဆေးဆောင်ရွက်ခဲ့သည်။

တောင်ကုတ်မြို့၌ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများစုပေါင်း၍ ဝါဆိုသင်္ကန်းများကပ်လှူပြီး သာသနိကအဆောက်အဦများတွင် စု‌ပေါင်းသန့်ရှင်းရေးပြုလုပ်

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့်စာသင်တိုက်ရှိ သံဃာတော်များ ဝါတွင်းကာလ စိတ်ချမ်းမြေ့စွာ သီတင်းသုံးနိုင်ရန်အတွက် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် သာသနိကအဆောက်အဦများတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်(၈)နာရီက ချောင်းကောက်ရပ်ကွက်ရှိ ပညာလင်္ကာရကျောင်း၊ သိမ်တောင်ရပ်ကွက်ရှိ ဘုရားကြီးကျောင်းတိုက်၊ စိတ္တသုကျောင်းတိုက်၊ မဟာဝိဟာရတောရကျောင်းနှင့်ကံပိုင်ရပ်ကွက်ရှိ မိဂဒါဝုန်တောရကျောင်းများတွင် ပြုလုပ်ခဲ့ကြသည်။

မာန်အောင်မြို့နယ်တွင် စစ်ကြောင်း(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းပြီး တိုင်းရင်းဆေးဖြင့် ပြည်သူများအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုပေး

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် စစ်ကြောင်း(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ စည်းရုံးရေးစစ်ကြောင်းတွင် ပါဝင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၉ နာရီက သိမ္ဘလကျေးရွာအုပ်စု၊ ကုန်းတန်းကျေးရွာနှင့် သိမ်ကုန်းကျေးရွာအုပ်စု၊ သိမ်ကုန်းကျေးရွာများသို့ သွားရောက်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကျေးလက်နေပြည်သူများနှင့် တွေ့ဆုံခဲ့သည်။

မအီမြို့၌ မအီနယ်မြေရဲစခန်းမိသားစု စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် မအီနယ်မြေရဲစခန်းမိသားစု စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ နယ်မြေရဲစခန်း ရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အမ်းမြို့‌နယ်၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့‌နယ်၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖ များ ကြီးမှူးကျင်းပသည့် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ရွှေအမ်းတောင်ခမ်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

အမ်းမြို့နယ် အရုဏ်ဦး ငွေစုငွေချေးသမဝါယမအသင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၊ အရုဏ်ဦးငွေစု/ငွေချေးသမဝါယမအသင်း (လီမိတက်) ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့ နေ့လယ် (၁၂) နာရီအချိန်က ဈေးတောင်ရပ်ကွက်၊ အ.ထ.က(ခွဲ)အမှုထမ်း(၂)  အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဘုန်းတော်ကြီးကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု၊ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများအား (အခမဲ့) ဆေးကုသပေးနေမှုတို့ကို ကြည့်ရှုအားပေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ ၂၉ ရက်နေ့၊ နံနက် ၇ နာရီခွဲက တောင်မြို့ မြို့ပေါ် ဘုန်းတော်ကြီးကျောင်းများတွင် စုပေါင်းသန့်ရှင်ရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးကြောင်း သိရသည်။
Subscribe to ရခိုင်ပြည်နယ်