အမ်းမြို့‌နယ်၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

အမ်း ဇူလိုင် ၃၀

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့‌နယ်၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်  မြို့မိမြို့ဖ များ ကြီးမှူးကျင်းပသည့် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို  ရွှေအမ်းတောင်ခမ်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

ဝါဆိုသင်္ကန်းဆက် ကပ်လှူဒါန်းပွဲသို့ မြို့နယ်ဩဝါဒါစရိယ မြို့ဦးကျောင်းဆရာတော် ဘဒ္ဒန္တပညာဓိက၊ မြိုနယ်သံဃနာယကဥက္ကဋ္ဌ ဝဏ္ဏိတာရာမ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တဝဏ္ဏိတနှင့် သံဃာတော်အရှင်သူမြတ်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့် ဇနီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်  မြို့မိ မြို့ဖများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာအခမ်းအနားကို ကြွရောက်တော်မူကြသော သံဃာတော်အရှင်သူမြတ်များနှင့် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်  မြို့မိမြို့ဖများ၊ ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပေးကြ သည်။ ဆက်လက်၍ မြို့နယ်ဩဝါဒါစရိယ မြို့ဦးကျာင်းဆရာတော် ဘဒ္ဒန္တပညာဓိကထံမှ ခရိုင်/မြို့ နယ်အဆင့် ဌာနဆိုင်ရာများနှင့်  မြို့မိ မြို့ဖများ၊ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက် တည်ကြပြီး သံဃာတော်အရှင်သူမြတ်များက မေတ္တသုတ်ပရိတ် တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည်။

ထို့နောက် ဗုဒ္ဓဘာသာသာသနာတော် ထွန်းကားသော နိုင်ငံဖြစ် သည်နှင့်အညီ တန်ဆောင် မုန်းလ၌ ကထိန်သင်္ကန်းလှူဒါန်းခြင်း၊ ဝါဆိုလ၌ ဝါဆိုသင်္ကန်းများ လှူဒါန်းခြင်းအစရှိသော ဗုဒ္ဓဘာ သာယဉ်ကျေးမှု အစဉ်အလာကောင်းများ ရှင်သန်ခိုင်မြဲလျက်ရှိရာ ဝါဆိုလရောက်တိုင်း ဆရာ တော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်း၍ ကုသိုလ်ကောင်းမှုများ ပြုလုပ်လေ့ရှိရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့် အဖွဲ့ဝင်များက သံဃာ တော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး မြို့နယ်ဩဝါဒါစရိယ မြို့ဦးဆရာတော် ဘဒ္ဒန္တပညာဓိကထံမှ အနုမောဒနာတရားနာကြားကြ ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေး ဝေခဲ့ကြသည်။

အခမ်းအနားသို့ ကြွရောက်တော်မူကြသော သံဃာတော်အရှင်သူမြတ်များအား ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရ သည်။

စိုးမင်းထွန်း