ရခိုင်ပြည်နယ်

ပုဏ္ဏားကျွန်းမြို့နယ်၌ အသက် ၂ နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ကလေးသူငယ်များ ရောဂါဘယများကင်းဝေးပြီး၊ ကျန်းမာသန်စွမ်းတဲ့ လူစွမ်းအားအရင်းအမြစ် ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှ သူနာပြုဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိ အသက် ၂ နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေး ထိုးနှံခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ်၊ သာစည်ကျေးရွာအုပ်စုသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဂွမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးရာသီအုန်းသီးပင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးရာသီအုန်းသီးပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဇီးကုန်းကျေးရွာ၊ ဘုရင်မဘောလုံးကွင်းဘေးရှိ စံပြစိုက်ခင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ဂွမြို့နယ်တွင် နိုင်ငံ့အကျိုးစီးပွားအတွက် ဂဏန်းပျော့မွေးမြူပြီး ပြည်ပဈေးကွက်အထိ ထိုးဖောက်ရန် လုပ်ဆောင်လျက်ရှိနေသည့် GW NINE FIVE (SSC CRAB) လုပ်ငန်းအောင်မြင်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ရွှံဂဏန်းအခွံမာများအား ကန်များအတွင်း ခြင်းများဖြင့်ထည့်၍ အခွံပျော့ဂဏန်း ဖြစ်သည်အထိ မွေးမြူထားရှိပြီး ပြည်ပဈေးကွက်အထိ ထိုးဖောက်ရောင်းချရန် စီစဉ်လုပ်ဆောင်လျက်ရှိနေသည့် GW NINE FIVE (SSC CRAB) လုပ်ငန်းမှာအောင်မြင်လျက်ရှိကြောင်း လက်ရှိလုပ်ငန်းလုပ်ကိုင်နေသူ Operations Manager ဦးသန်းဇော်ဦးထံမှ သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်၌ ကျောင်းအခြေပြု အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးဆက်လက်ထိုးနှံ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ကျောင်းအခြေပြု အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်ရှိ ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်တွင် သက်ဆိုင်ရာကျောင်းများ၌ ဆက်လက်ထိုးနှံ ပေးလျက်ရှိသည်။

တောင်ကုတ်မြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပန်းတောင်း-တောင်ကုတ် လမ်းမကြီး၌ ရေလျှံမှုဖြစ်၊ လမ်းပိတ်ဆို့မှုမရှိစေရေးအမှိုက်များ အချိန်နှင့်တစ်ပြေးညီရှင်းလင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် သြဂုတ် ၂၆ ရက်နေ့ ညမှစတင်၍ မိုးအဆက်မပြတ်ရွာသွန်းခဲ့သဖြင့် ယမန်နေ့ညနေ ၄ နာရီအချိန်တွင် အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းရှေ့ရှိ ရေနှုတ်မြောင်း​ပိတ်ဆို့ကာ ပန်းတောင်း-တောင်ကုတ် လမ်းမကြီးတွင် ရေလျှံမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူးရေးလုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ်အတွင်း ပြန်လည် ထူထောင်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မောင်တော-ဘူးသီးတောင်သွား ကားလမ်းမပေါ်တွင် တောင်မြေပြိုကျမှုဖြစ်ပွားခဲ့သဖြင့် လမ်းပိတ်ဆို့မှုမရှိစေရေး တာဝန်ရှိသူများက ရှင်းလင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မောင်တော-ဘူးသီးတောင်သွား ကားလမ်းမပေါ်တွင် ယမန်နေ့နံနက်ပိုင်းက တောင်မြေပြိုကျမှု ဖြစ်ပွားခဲ့သဖြင့် လမ်းပိတ်ဆို့မှုမရှိစေရေး သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ရှင်းလင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ၊ နည်းဉပဒေများအကြောင်း အသိပညာပေးဟောပြောဆွေးနွေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မောင်တောခရိုင်လူမှုဝန်ထမ်းရုံးမှ အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သက်ကြီးရွယ်အို အဘိုး၊ အဘွားများအား လေးစားချစ်ခင်၍ တန်ဖိုးထားပြီး ကိုယ်ချင်းစာစိတ် ထားတတ်စေရန်နှင့် ကောင်းမွန်သောစိတ်ဓာတ်များမွေးမြူတတ်စေရန်ရည်ရွယ်၍ သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ၊ နည်းဉပဒေများ အကြောင်းအသိပညာပေး ဟောပြောဆွေးနွေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်တော်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူးရေးလုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်တော် မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများပိုမိုတိုးချဲ့ ဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

မင်းပြားမြို့၌ စားသုံးသူအကာအကွယ်ပြုရေးအသိပညာပေးဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၈ နာရီက ကန့်ကော်မြိုင်အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်