ရခိုင်ပြည်နယ်

မာန်အောင်မြို့နယ်တွင် စစ်ကြောင်း(၅)ကြောင်းဖြင့်  ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် စစ်ကြောင်း(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ ၁ နာရီခွဲက သိမ္ဘလကျေးရွာအုပ်စု၊ ကုန်းတန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ ဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။

ဘူးသီးတောင်မြို့ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၃) နာရီအချိန်က ဘူးသီးတောင်မြို့ သပြေကုန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့သည်။

မြောက်ဦးမြို့ အ.ထ.က-(ခွဲ)လ-၃ ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ လူငယ်များ စာဖတ်စွမ်းရည်တိုးတက်စေရေး၊ ဗလငါးတန်နှင့် ပြည်စုံသော လူငယ်လူရွယ်များ ဖြစ်လာစေရေး၊ လူအများနှင့် ဆွေးနွေးပြောဆိုပြုမူတတ်စေရေး အစရှိသည့်ရည်ရွယ်ချက်များဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ထမ္မရာဇ်ရပ်ကွက် အ.ထ.က(ခွဲ)လ(၃) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

သံတွဲမြို့၌ လူငယ်အသိပညာပေး ဟောပြောပွဲကျင်းပ

သံတွဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Youth Club တို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံလာစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွါးလာစေပြီး စဉ်းစားတွေးခေါ်မှုစွမ်းရည်များ မြင့်မားသည့် လူတော်လူကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပသည့် လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၁း၃၀ နာရီက သံတွဲမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

ပေါက်တောမြို့နယ် ပြွန်တိုကျေးရွာ၌ နွေရာသီ ရေရှားပါးမှုအခက်အခဲများကို ကျော်လွှားနိုင်ရန် ရေကန်တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ ၁၁ ဒသမ ၈၂၅ သန်း ဖြင့် ကျေးလက်ရေရရှိရေးအတွက် ရေကန်တူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။

ပေါက်တောမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(မြို့မ )၌ လူငယ်စကားဝိုင်း ကျင်းပ

လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူး​ပေါင်းကျင်းပ​သော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီက အ.ထ.က (မြို့မ) ရှိ စုပေါင်းခန်းမ၌ ကျင်းပသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လှည့်လည်ကြည့်ရှုစစ်ဆေး၊ ဆွမ်းဆန်စိမ်းလောင်လှူနိုင်ရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဝါတွင်းကာလ လပြည့်နေ့မတိုင်မီအဖိတ်နေ့များတွင် ဆွမ်းဆန်စိမ်းလောင်းလှူနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

မြေပုံမြို့ အ.ထ.က (သဲတန်း)ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခြင်းကို ယမန်နေ့ နေ့လယ် (၁)နာရီက အ.ထ.က (သဲတန်း) ကျောင်း အစဉ်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အမ်းမြို့နယ်၌ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး ယာဉ်မောင်းသူ၊ စီးနင်းလိုက်ပါသူ၊ ခရီးသွားပြည် သူများအား ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကြီးကြပ်မှုဖြင့် ယာဉ်မတော်တဆမှု၊ သေဆုံးမှု၊ ဒဏ်ရာရရှိမှုမဖြစ်စေရေးအတွက် ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး ယာဉ်မောင်းသူ၊ စီးနင်းလိုက်ပါသူ၊ ခရီးသွားပြည်သူများအား ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့က အောက်ရွာကျေးရွာအုပ်စု ကျော်ဇံဆီဆိုင်ရှေ့လမ်းဆုံတွင် ဆောင်ရွက်ခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်