ရခိုင်ပြည်နယ်

မြောက်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၁၁ နာရီက ကျောက်ရာဇ်ကေရပ်ကွက် ၊ အ.မ.က (မူလွန်) ကျောင်း၌ ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ဘေးသင့်မြို့နယ်များသို့ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသင်္ဘောများဖြင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ ပို့ဆောင်ပေးလျက်ရှိ

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ်ပြီးနောက် မုန်တိုင်းဒဏ်သင့် မြို့နယ်များသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနပိုင်၊ ရခိုင်ဌာနခွဲမှ သင်္ဘောများဖြင့် ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးပစ္စည်းများကို မေလ ၂၃ ရက်နေ့မှ ဩဂုတ်လ ၂၈ ရက်နေ့ထိ တန်ချိန် (၇၅၁ ၉ဒဿမ ၅၂)တန်ကို ပို့ဆောင်ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်းသိရသည်။

မြောက်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူငယ်နှင့် စာပေဆိုင် ရာကောင်းကျိုးများ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ လူငယ်များ စာပေ၏ ကောင်းကျိုးကို သိရှိပြီး စာအုပ်စာပေဖတ်ရှုခြင်းနှင့် စာဖတ်သည့် အလေ့အထ ပိုမိုတိုးတက် ရရှိစေရေး လူငယ်နှင့်စာပေဆိုင်ရာ ကောင်းကျိုးများ ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ နေ့လည် ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဖြူခရိုင်(Community Centre)ခန်းမ၌  ဆရာတော် ယုဇန(ကျောက်ဖြူ)၏ “ရမ္မာဝတီ ရခိုင်သဘာဝ ဇမ်းကဗျာ” စာအုပ် မိတ်ဆက်ပွဲ အခမ်းအနားပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ဆရာတော် ယုဇန(ကျောက်ဖြူ)၏ “ရမ္မာဝတီ ရခိုင်သဘာဝ ဇမ်းကဗျာ” စာအုပ် မိတ်ဆက်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ စာပေဝါသနာရှင် ရဟန်းသံဃာတော်များ၊ စာရေးဆရာများနှင့် စာပေဝါသနာရှင်ပြည်သူ(၅၀) ဦးခန့် တက်ရောက် အားပေးကြသည်။

မြေပုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်အသိပညာပေး ဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်အသိပညာပေး ဟောပြောပွဲကို ယနေ့နေ့လယ်(၁) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အမ်းမြို့နယ်၌ သန်းခေါင်စာရင်းကောက်ကောက်ယူခြင်းလုပ်ငန်း အကြိုပြင်ဆင်ခြင်းလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာမှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ၌ ကောက်ယူမည့်လူ ဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း အကြိုပြင်ဆင်ခြင်းလုပ်ငန်း Census Units ကွင်းဆင်း ဖွဲ့စည်းဆောင်ရွက်ခြင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မအီမြို့ပေါ်ရပ်ကွက်များ ရေစီးရေလာကောင်းမွန်စေရေး စည်ပင်သာယာရေးအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပေါ်ရပ်ကွက်များ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေး လုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်ပေးလျက်ရှိရာ အမှတ်(၄)ရပ်ကွက်၊ အောင်သစ္စာလမ်း ရေမြောင်းပိတ်ဆို့နေမှုအား မြို့စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးညီညီလွင်၊ တာဝန်ခံအင်ဂျင်နီယာ ဦးမြတ်မင်းဟန်၊ အဖွဲ့ဝန်ထမ်းများနှင့် အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်တို့ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မာန်အောင်မြို့နယ်တွင် ကျေးလက်နေပြည်သူများအား တိုင်းရင်းဆေးဖြင့်(အခမဲ့)ကွင်းဆင်းကုသပေး

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် တိုင်းရင်းဆေးဖြင့် ကျေးလက်နေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိရာ ယမန် နေ့မွန်းလွဲ ၁ နာရီအချိန်က ဘူးရေမျက်ကျေးရွာအုပ်စု၊ ဘူးရေမျက် အ-လ-က(ခွဲ)တွင် အခြေပြုလျက် ကျေးလက်နေပြည်သူများအား(အခမဲ့) ဆေးကုသပေးခဲ့သည်။

မအီမြို့ ခြေတော်ရာကျေးရွာတွင် KG ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် အခြားကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် KG ကျောင်းသား/ကျောင်းသူများအား ဒုတိယအကြိမ်ထိုးနှံခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ၂ နှစ်အောက်ကလေးများအား ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင်၊ (၅)မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ ဝက်သက် အစရှိသည့် ရောဂါများမဖြစ်ပွားရေန် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းနှင့် သက်ကြီးရွယ်အိုများအား (အခမဲ့)အခြားကျန်းမာရေး စောက်ရှောက်ခြင်းများကို မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်းနှင့် ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက လက်ပံကျေးရွာအုပ်စု၊ ခြေတော်ရာကျေးရွာ မူလတန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပေါက်တောမြို့၌ စစ်ကြောင်း(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဥ် (၅)ရပ်၊ဦးတည်ချက်(၉)ရပ် တို့အောင်မြင်စွာ  အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက်  ယမန်နေ့ နံနက်ပိုင်းတွင် စစ်ကြောင်းကြီး ( ၅)ကြောင်းအဖွဲ့သည် ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းဆောင်ရွက်ကြသည်။
Subscribe to ရခိုင်ပြည်နယ်