ရခိုင်ပြည်နယ်

မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စစ်တုရင်ပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် စစ်တုရင်ပြိုင်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အမ်းမြို့၌ ကမ္ဘာ့မိခင်နို့ချိုတိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ကမ္ဘာ့မိခင်နို့ချိုတိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အ.ထ.က-မြို့မကျောင်းမိသားစုမှ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားပြုလုပ်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၊ အ.ထ.က-မြို့မမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိသောင်းဦးဆောင်မှုဖြင့် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများမှစုပေါင်း၍ ယနေ့နံနက် (၉)နာရီအချိန်က ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို အဆိုပါကျောင်း၏ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီး ကျောင်းတိုက်များမှ ပင့်သံဃာတော်(၅)ပါးတို့နှင့် ကျောင်းကော်မတီဝင်များ၊ကျောင်းအကျိုးတော်ဆောင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ကျောက်ဖြူမြို့၌ မြစ်ချောင်းများတွင် သဘာဝအလျောက် ပေါက်ရောက်နေသည့် ဓနိပင်များမှ ရရှိလာသော ကုန်ကြမ်းများကို ခေတ်မီနည်းပညာများဖြင့် ပေါင်းစပ်၍ ဓနိဝိုင်၊ ဓနိဖူးလက်ဖက်ခြောက် အပါအဝင် အမျိုးပေါင်း (၁၀) ကျော်ကို ထုတ်လုပ်ရောင်းချ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မြစ်ချောင်းများတွင် သဘာဝအလျောက် ပေါက်ရောက်နေသည့် ဓနိပင်များမှ ရရှိလာသော ကုန်ကြမ်းများကို ခေတ်မီနည်းပညာများ၊ စက် ကိရိယာများဖြင့် ဓာတ်ခွဲစမ်းသပ် မှုများ ပြုလုပ်ကာ ဓနိနှင့်ဆက်စပ်သော စားသုံးကုန်ပစ္စည်းများကို ထုတ်လုပ်ရောင်းချနေသည့် ၎င်း၏ လုပ်ငန်းမှာ အထူးအောင်မြင်လျက်ရှိပြီး ပြည်ပဈေးကွက်အထိ ထိုးဖောက်ရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း  MSME လုပ်ငန်းရှင်တစ်ဦးဖြစ်သည့်  ဒေါ်ဟေမာစံထံမှ သိရသည်။

သံတွဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန၌ Women Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ Women Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါအဆောက်အဦ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ကျောက်တော်မြို့၌  သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြော

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်အတွင်းရှိ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ပြည်တော်သာရပ်ကွက် ဥတ္တမ အခြေခံပညာမူလတန်းကျောင်း၌ ယနေ့ နံနက် ၁၀ နာရီအချိန်က အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

မအီမြို့၌ တနိုင်တပိုင် မျှစ်ချိုးရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၌ တောင်ပေါ်ဒေသနေပြည်သူများနှင့် မအီမြို့ပေါ် ဒေသခံပြည်သူအချို့မှာ မိုးတွင်းကာလတွင် သဘာဝအလျောက် ရာသီအလိုက် ပေါက်ရောက်သည့် မျှစ်များကို တပိုင်တနိုင် ချိုးယူရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်အဆင့် ကမ္ဘာ့မိခင်နို့ချိုတိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ခရိုင်အဆင့် ကမ္ဘာ့မိခင်နို့ချိုတိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နေ့လယ် ၂ နာရီအချိန် ခရိုင်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မြောက်ဦးမြို့၊ ရှေးဟောင်းသုတေသနပြတိုက်သို့ သွားရောက်လေ့လာ၊ မွေးမြူရေးလုပ်ငန်းများတိုးချဲ့ဆောင်ရွက်နိုင်ရေးကွင်းဆင်းကြည့်ရှု

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြောက်ဦးမြို့၊ ရှေးဟောင်းသုတေသနပြတိုက်သို့ သွားရောက်လေ့လာပြီး ပုဏ္ဏားကျွန်းမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရန် ကွင်းဆင်းကြည့်ရှုကြသည်။

ကျောက်ဖြူမြို့၌ ကလေးသူငယ် ကာကွယ်‌စောင့်ရှောက်ရေးနှင့် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေအသိပညာပေး ဟော‌ပြောပွဲပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကလေးသူငယ်ကာကွယ်‌စောင့်ရှောက်ရေးနှင့် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေအသိပညာပေး ဟော‌ပြောပွဲကို ဩဂုတ်လ ၂၅ ရက်နေ့၊ မွန်းတည့် ၁၂ နာရီအချိန်က စေတီရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် ကညင်တောရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းတို့တွင် ကျင်းပပြုလုပ်သည်။
Subscribe to ရခိုင်ပြည်နယ်