ရခိုင်ပြည်နယ်

ပျံလွန်တော်မူသွားသည့် ရသေ့တောင်မြို့နယ်ဒုံးပိုက်ကျောင်းတိုက် ဆရာတော်ကြီး၏ ရုပ်ကလပ်တော်အား ယာယီစံကျောင်း၌ အပူဇော်ခံထားရှိရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင်ပျံလွန်တော်မူသွားသည့် ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျောင်းတိုက် ဆရာတော်ကြီး၏ ရုပ်ကလပ်တော်အား ယာယီစံကျောင်း၌ အပူဇော်ခံထားရှိရေးအတွက် ယနေ့နံနက် ၁၀ နာရီအချိန်က စေတီယင်္ဂဏကျောင်း တိုက်ရာ တော်ကြီးဘဒ္ဒန္တ ပညာသာမိအမှူးပြုသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရန် ဝန်ထမ်းများက သွားရောက်ဖူးမျှော်ကာ လိုအပ်သည်များ စီစဥ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဂွမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံပေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်းရှိ အသက်(၉) နှစ်မှ (၁၂) နှစ်အတွင်းရှိ မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေးခြင်းကို ယမန်နေ့က သတ်မှတ်စုရပ်ကျောင်းများ၌ ကျန်းမာရေးဝန်းထမ်းများက ထိုးနှံပေးလျက်ရှိသည်။

တောင်ကုတ်မြို့၌ e-ID စနစ်လုပ်ငန်းဆိုင်ရာ ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူခြင်း လုပ်ငန်းစတင်ဆောင်ရွက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသက်(၁၀)နှစ်အထက် နိုင်ငံသားစိစစ်ရေး ကတ်ရှိသူများအား e-ID စနစ်လုပ်ငန်းဆိုင်ရာဇီဝဆိုင်ရာ အချက်အလက် (Biometric) ကောက်ယူခြင်း လုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ခန်းမတွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကျောက်ဖြူမြို့၌ မြို့နယ်ပညာရေးမှူးဖလား၊ အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ကွင်းဖွင့်ပွဲ အခမ်းအနားကျင်းပ  

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် မြို့နယ်ပညာရေးမှူးဖလား၊ အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ကွင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အစိုးရရပ်ကွက်ရှိ မြို့မအားကစားဘောလုံးကွင်းကြီးတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးနှင့် ပညာရေးဌာနမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများမှ တခဲနက်လာ‌ရောက်ကြည့်ရှုအားပေးသည်။

ဂွမူလတန်းကြိုကျောင်း၌ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ဂွမူလတန်းကြိုကျောင်း၌ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အမ်းမြို့နယ်၌ ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်များ စည်းကမ်းနှင့်အညီ စနစ်တကျပြေးဆွဲ‌စေရေး ရှောင်တခင်စစ်ဆေး

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကြီးကြပ်မှုဖြင့် ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်များအား စည်းကမ်းနှင့်အညီ စနစ်တကျပြေးဆွဲ‌စေရေး  ယနေ့ နံနက်ပိုင်းက အောက်ရွာကျေးရွာအုပ်စု ကျော်ဇံဆီဆိုင်ရှေ့လမ်းဆုံ၊ အမ်းမြောက်ကျေးရွာအုပ်စု မော်ဆီဆိုင်ရှေ့နှင့် ဂျင်ကုန်းကျေးရွာအနီး ကားလမ်းတို့‌တွင် ရှောင်တခင်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့သည်။

အမ်းမြို့နယ်တွင် e-ID စနစ်လုပ်ငန်း ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်း ဆောက်ရွက်

ရခိုင်ပြည်နယ် အမ်းခရိုင် အမ်းမြို့နယ် တွင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးမှူး ဦးဇော်ဇော်ထွဋ်မြို့နယ် ဦးစီးမှူးဦးကျော်မင်းထွန်းတို့ ကြီးကြပ်မှုဖြင့် မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသက်(၁၀)နှစ်အထက်နိုင်ငံသားကဒ်ပြားရှိသူများအား e-ID စနစ်လုပ်ငန်း ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့နံနက်  ၉ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် အခြေပြု၍ စတင်ကောက်ယူလျက်ရှိသည်။

မြောက်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းသားများဖြင့် စာဖတ်ဝိုင်းပြုလုပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းသားများနှင့် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် “ခေါင်းဆောင်မှု” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နေ့လယ် ၂  နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြောက်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စစ်တုရင်ပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် စစ်တုရင်ပြိုင်ပွဲကိုယနေ့ နေ့လယ် ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်အား/ကာကော်မတီ ဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံအသက် ၂၀ နှစ်အောက် အမျိုးသား  ဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌  အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော မြို့နယ်အား/ကာ ကော်မတီဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အသက် ၂၀ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့နေ့လယ် ၃ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်