ရခိုင်ပြည်နယ်

ကျောက်ဖြူမြို့၌ Biometric Data ဇီဝဆိုင်ရာအချက်အလက်များကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်/မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက စက်တင်ဘာ (၂၆) ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် Biometric Data ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။

ဘူးသီးတောင်မြို့နယ်၌ ရခိုင်ပြည်နယ်အတွင်းဆောင်ရွက်သော လုပ်အားခပေး ဖွံ့ဖြိုးရေးစီမံကိန်း (Cash For Work)ဆောင်ရွက်မည့်ကျေးရွာများ၌ ကျေးရွာကော်မတီဖွဲ့စည်း

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြိုနယ်အတွင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဦးထွန်းလှိုင်နှင့် တာဝန်ခံအင်ဂျင်နီယာ ဝန်ထမ်းများသည် ယမန်နေ့ညနေပိုင်းက အမျိုးသားသဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်သော လုပ်အားခပေး ဖွံ့ဖြိုးရေးစီမံကိန်း (Cash For Work) ဆောင်ရွက်မည့် ကျေးရွာများသို့ သွားရောက်ကာ ကျေးရွာကော်မတီဖွဲ့စည်းခဲ့ကြောင်းသိရသည်။

ပုဏ္ဏားကျွန်းမြို့၊ ခေမာရမဘုန်းတော်ကြီးကျောင်းမှ ဆရာတော်၊ သံဃာတော်များ ဆွမ်းဆန်စိမ်း အလှူလက်ခံ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်၊ ခေမာရမဘုန်းတော်ကြီးကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်ဦးစီးပြီး၊ ရဟန်း၊သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ဆွမ်းဆန်ကိစ္စအဆင်ပြေစေရေးအတွက် ယမန်နေ့ညနေ(၃)နာရီက မြို့ပေါ်ရပ်ကွက်အတွင်း လှည့်လည်၍ ဆွမ်းဆန်စိမ်းအလှူလက်ခံခဲ့ကြသည်။

ဂွမြို့နယ်တွင် စားသုံးသူပြည်သူများသို့ စားသုံးဆီ တစ်ပိဿာလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့်ရောင်းချပေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် စားသုံးသူပြည်သူများသို့ ယမန်နေ့ညနေပိုင်းက ကင်းရုံးရပ်ကွက်ရှိ ရပ်ကွက်နေပြည်သူများအား စားသုံးဆီများကို လက်လီရောင်းချပေးခဲ့သည်။

ပေါက်တောမြို့ ဦးမြဝါပန်းခြံတွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဒေသနေပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအား အလွယ်တကူ စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန် ယမန်နေ့ ညနေပိုင်းတွင် ပေါက်တောမြို့ အမှတ်(၃) ရပ်ကွက်ရှိ ဦးမြဝါပန်းခြံသို့ Mobile Library စနစ်ဖြင့် ကွင်းဆင်းသွားရောက်၍ စာအုပ်များ ငှားရမ်းပေးခဲ့သည်။

မေယုတောင်တန်း၏ အနောက်ဘက် အငူမော် - မောင်တော ကားလမ်းမပေါ်ရှိ ကျေးရွာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဒေသဖွံဖြိုးရေးကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ မေယုတောင်တန်း၏ အနောက်ဘက်ချမ်း ဘင်္ဂလားပင်လယ်အော်ကို မြင်တွေ့နိုင်သည့် အငူမော်-မောင်တော ကားလမ်းမကြီးအနီးရှိ ကျေးရွာများသို့ ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့အား အဆင့်မြှင့်တင်ရေးနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးတက်ရောက်၊ ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေး

စစ်တွေမြို့အား အဆင့်မြှင့်တင်ရေးနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဌာနမှူးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

မအီမြို့ ခြေတော်ရာကျေးရွာတွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် အခြားကျန်းမာရေးစောင့်ရှောက်ခြင်းများ ဆောင်ရွက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ လက်ပံကျေးရွာအုပ်စု၊ ခြေတော်ရာကျေးရွာ ဆေးထိုးစုရပ်၌ သားအိမ်ခေါင်းကင်ဆာရောဂါ(HPV) ကာကွယ်ဆေးထိုးနှံခြင်း၊ ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့် အခြားကျန်းမာရေးစောင့်ရှောက်ခြင်းများကို ယမန်နေ့နံနက်ပိုင်းက မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အဆိုပါကျေးရွာ မူလတန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြောက်ဦးမြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်းများ၌ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး လက်ကမ်းစာစောင်များဖြန့်ဝေ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၀ နာရီအချိန်က အောင်တပ်ရပ်ကွက် အောင်စေတီ ယာယီခိုလှုံရာစခန်းသို့ သွားရောက်ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ကျောက်ဖြူမြို့၌  ဓညဝတီရေတပ်စခန်းဌာနချုပ်မှ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ဝက်သား၊ ကြက်သား၊ ဘဲသားနှင့် ကြက်ဥများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ဓညဝတီရေတပ်စခန်းဌာနချုပ်မှ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား စားသောက်ရေးများအဆင်ပြေစေရန်နှင့် ၎င်းတို့လိုအပ်သည့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်စေရန်အတွက် ယနေ့ နံနက်ပိုင်းက အလယ်ပိုင်းရပ်ကွက်ရှိ နာရီစင်ကွင်းနေရာ၌ ဝက်သား၊ ကြက်သား၊ ဘဲသားနှင့် ကြက်ဥများကို ပြင်ပပေါက်ဈေးထက်ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။
Subscribe to ရခိုင်ပြည်နယ်