ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်အား/ကာကော်မတီ ဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံအသက် ၂၀ နှစ်အောက် အမျိုးသား  ဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌  အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော မြို့နယ်အား/ကာ ကော်မတီဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အသက် ၂၀ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့နေ့လယ် ၃ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

မအီမြို့ အမှတ်(၄)ရပ်ကွက် အ.လ.က(ခွဲ) ဆေးထိုးစုရပ်၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ အမှတ်(၄)ရပ်ကွက် အ.လ.က(ခွဲ) ဆေးထိုးစုရပ်၌ သားအိမ်ခေါင်းကင်ဆာရောဂါ(HPV) ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်တော်မြို့ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(မြို့မ)ကျောင် ၌  လူငယ်စကားဝိုင်းကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊‌ ကျောက်တော်မြို့ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (မြို့မ)ကျောင်း၌ လူငယ်များ စာဖတ်စွမ်းရည်တိုးတက်စေရန်၊ ဗလငါးတန်နှင့် ပြည်စုံသောလူငယ် လူရွယ်များဖြစ်လာစေရန်၊ လူအများနှင့် ဆွေးနွေးပြောဆို ပြုမူတတ် စေရန်စသည့်ရည်ရွယ်ချက်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ဒုတိယအကြိမ်ကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါကျောင်းခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

သံတွဲမြို့၌ e-ID စနစ်လုပ်ငန်းဆိုင်ရာ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်း လုပ်ငန်းစတင်ဆောင်ရွက်

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သံတွဲမြို့နယ်ဦးစီးမှူးရုံးမှ e-ID စနစ်လုပ်ငန်းဆိုင်ရာ ဇီဝဆိုင်ရာအချက်အလက် (Biometric)ကောက်ယူခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီ ခွဲအချိန်မှစတင်၍ ပြည်သူ့ဝန်ဆောင်မှုရုံး(OSS)တွင် စတင်ဆောင်ရွက်လျက်ရှိ‌ကြောင်းသိရသည်။

မာန်အောင်မြို့နယ်တွင်e-IDစနစ်လုပ်ငန်းဆိုင်ရာဇီဝဆိုင်ရာ အချက်အလက် (Biometric)ကောက်ယူခြင်းလုပ်ငန်းစတင် ဆောက်ရွက်

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသက်(၁၀)နှစ်အထက် နိုင်ငံသားကတ်ပြားရှိသူများအား e-IDစနစ်လုပ်ငန်းဆိုင်ရာ ဇီဝဆိုင်ရာအချက်အလက်(Biometric)ကောက်ယူခြင်းလုပ်ငန်းကို ယနေ့နံနက်၉နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် အခြေပြု၍ စတင်ကောက်ယူလျက်ရှိသည်။

ကျောက်တော်မြို့၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းပြုလုပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမအတွင်း၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ  ၁ နာရီအချိန်ကစာ​​ရေးဆရာမ ခင်စောတင့်​ ရေးသားသည့် စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုစာအုပ်ဖြင့် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

မာန်အောင်မြို့နယ်တွင် ဒေသခံပြည်သူများအား စားသုံးဆီများကို စျေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေး

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းအစီအစဉ်ဖြင့် ရခိုင်ပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီ လက်လီအရောင်းဈေးကားဖြင့်ယနေ့ နေ့လယ်ပိုင်းက ကွမ်းမြိုင်ကုန်းကျေးရွာနှင့် ဘဲအင်းကျေးရွာ ဒေသခံ ပြည်သူများအား စားသုံးဆီများကို သက်သာသောစျေးနှုန်းဖြင့် လက်လီဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။

မြေပုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာမူလတန်းကျောင်း သဲတန်း (အရှေ့)၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာ မူလတန်းကျောင်း သဲတန်း (အရှေ့) ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခြင်းကို ယနေ့ နေ့လယ်(၁)နာရိအချိန်က ကျင်းပပြုလုပ်သည်။

မအီမြို့၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိ

မအီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် မအားလပ်နိုင်၍ ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ်များ အတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် လိုက်လံငှားရမ်းပေးမှုကို  ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများ၊ ဌာနဆိုင်ရာရုံးများအရောက် လိုက်လံ ငှားရမ်း‌ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းရုံးများသို့ မအီမြို့ ရုံးဝန်ထမ်းများမှ သွားရောက်ငှားရမ်းပေးခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်