ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၊ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှု

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ယနေ့ နံနက်ပိုင်း က စစ်တွေမြို့သန့်ရှင်း သာယာလှပရေးအတွက် စစ်တွေမြို့၊ ခုတင်(၅၀၀) ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးနှင့် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးကြသည်။

ကျောက်ဖြူမြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အခမ်းအနားမှူး သင်တန်း(၁/၂၀၂၃)ဆင်းပွဲအခမ်းအနားပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်း (၁/၂၀၂၃)ဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းတည့်ပိုင်းက အဆိုပါဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ၊ နည်းပြဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ထွေ/အုပ် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မင်္ဂလာကြီးကျေးရွာအတွင်း မြေပြင်တစ်အိမ်တက်ဆင်း စမ်းသပ်သန်းခေါင်းစာရင်း ကောက်ယူလျက်ရှိရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မြေပြင်တစ်အိမ်တက်ဆင်း စမ်းသပ်သန်းခေါင်းစာရင်း ဆက်လက်ကောက်ယူခြင်းကို ယမန်နေ့နံနက်ပိုင်းက မင်္ဂလာကြီးကျေးရွာအတွင်း စာရင်းကောက်အဖွဲ့မှ အဖွဲ့များခွဲ၍ စမ်းသပ်သန်းခေါင်းစာရင်း ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး (၂/၂၀၂၃)၊ လူငယ် ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ တက်ရောက်

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးခန်းမ၌ ကျင်းပ သည့် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၃) အစည်းအဝေးသို့တက်ရောက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသော မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီနှင့် ရခိုင်ပြည်နယ် လူငယ်ရေးရာကော်မတီတို့၏ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်း အစည်း အဝေးသို့ တက်ရောက်ခဲ့သည်။

ရသေ့တောင်မြို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်း (၁/၂၀၂၃)ဆင်းပွဲအခမ်းအနားပြုလုပ်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်း (၁/၂၀၂၃) ဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။

ကျောက်ဖြူမြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်း(၁/၂၀၂၃)ဆင်းပွဲအခမ်းအနား ပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်း(၁/၂၀၂၃)ဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်ထွေ/အုပ် ဝန်ထမ်းများ၊ ခရိုင်ရဲတပ်ဖွဲ့ဝင်များ၊ နည်းပြဆရာ၊ ဆရာမများ တက်ရောက်ကြသည်။

မြေပုံမြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လုပ်အားခပေးဖွံ့ဖြိုးရေးစီမံကိန်း CASH FOR WORK ကျေးရွာအဆင့်စီမံခန့်ခွဲမှုသင်တန်း ဖွင့်လှစ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လုပ်အားခပေးဖွံ့ဖြိုးရေးစီမံကိန်း CASH FOR WORK ကျေးရွာအဆင့်စီမံခန့်ခွဲမှု သင်တန်းဖွင့်လှစ်ခြင်းကို အောက်တိုဘာလ ၁၂ ရက်နေ့ နေ့လယ် (၁)နာရီအချိန်က ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာနတွင် အခမ်းအနားမှူးသင်တန်းဆင်းပွဲ ပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာနမှ ကြီးမှူး ဖွင့်လှစ်ခဲ့သော အခမ်းအနားမှူးသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ခရေမြိုင်ကျေးရွာတွင် လူသုံးကုန်ထုတ်လုပ်မှုနည်းသင်တန်းဖွင့်လှစ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင် အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့်  အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေ တိုးရေးစီမံကိန်း လူသုံးကုန်ထုတ်လုပ်မှုနည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန် ခရေမြိုင် ကျေးရွာ၊ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင်ပြုလုပ်ခဲ့သည်။

တောင်ကုတ်မြို့၌ အခမ်းအနားမှူးသင်တန်းဆင်းပွဲကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှကြီးမှူး ဖွင့်လှစ်ခဲ့သော အခမ်းအနားမှူး သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Subscribe to ရခိုင်ပြည်နယ်